Sunday, August 30, 2015

ကလေးဒေသမှ ရေဘေးသင့်ပြည်သူများထံသို့ စားသောက်ကုန်များ ထပ်မံတင်ပို့လျက်ရှိ



The Mirror Daily's photo.


မုံရွာ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးဒေသမှ ရေဘေးသင့်ပြည်သူ များထံသို့ ပေးပို့နိုင်ရေးအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် နေပြည်တော်ရုံးသို့ စားသောက်ကုန်နှင့် ပြန်လည်ထူထောင် ရေးပစ္စည်းများကို အနယ်နယ်အရပ် ရပ်မှ စေတနာရှင် အလှူရှင်များက အဆက်မပြတ် ပေးပို့လှူဒါန်းလျက်ရှိ ကြကြောင်း သိရသည်။

အဆိုပါ ရုံးများမှတစ်ဆင့် မုံရွာမြို့ သို့ အဆက်မပြတ် ပေးပို့လျက်ရှိရာ သြဂုတ်၂၈ ရက်တွင် အလှူရှင် အသီးသီးမှ လှူဒါန်းကြသည့် ဆန် (၂၅)ကီလိုအိတ် ၂၄၉၇ အိတ်၊ ဆန် (၅ဝ)ကီလိုပါ ၆၄၉ အိတ်၊ ရေသန့် ၂၄ လုံးပါ ချပ်ဖာ ၇၈၂ ဖာ၊ အချိုရည် ၃၁ ဘူးပါ ဖာ ၃ဝ၊ စားသုံးဆီ ၁၂၅ ဖာ၊ ခေါက်ဆွဲခြောက် ၁ဝ၈၅ ဖာ၊ မုန့်ခြောက် ဖာ ၅ဝ တို့ကို ကလေး ဒေသရှိ ရေဘေးသင့်ပြည်သူများထံ သို့ရောက်ရှိရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးကြပ်၍ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များက လုပ်အားဒါနဖြင့် ဇက်ရေ ယာဉ်ပေါ်အရောက် တင်ပို့လျက်ရှိကြောင်း သိရသည်။ ဖိုးချမ်း(မုံရွာ)

No comments:

Post a Comment