Saturday, August 1, 2015

ဟားစီးတီး နောက်ခံလူ ချက်စတာအား ဝက်စ်ဘရွန်း ခေါ်ယူ



The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် ဝက်စ်ဘရွန်းအသင်းသည် ဟားစီးတီးနောက်တန်းကစားသမား ချက်စတာအား ပြောင်းရွှေ့ကြေးပေါင် ရှစ်သန်းဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက်(၂၆)နှစ်အရွယ်ရှိ နောက်တန်း ကစားသမား ချက်စတာသည် ဝက်စ်ဘရွန်းအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆို လိုက်ခြင်းဖြစ်သည်။

ဝေလလက်ရွေးစင်ကစားသမား ချက်စတာသည် ဟားစီးတီးအသင်းအတွက် လိဂ်ပွဲပေါင်း ၁၅၆ ပွဲပါဝင်ကစားပေးခဲ့သော်လည်း ဟားစီးတီး အသင်းအား ပရီမီယာလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရခြင်းကို မကယ်တင်နိုင်ခဲ့ပေ။ သို့ရာတွင် ဝက်စ်ဘရွန်းအသင်းနည်းပြ တိုနီပူးလစ် ကမူ နောက်တန်းကစားသမား ချက်စတာသည် ဟားစီးတီးအသင်းအတွက် အကောင်းဆုံးပါဝင် ကစားပေးခဲ့သူဖြစ်ကြောင်းနှင့် ချက်စတာသည် ၎င်းသဘောကျသည့်ကစားသမားများထဲမှ တစ်ဦး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နောက်တန်းကစားသမား ချက်စတာသည် ပီတာဘရော့၊ ပလိုင်းမောက်နှင့် ကာလီစလီအသင်း တို့တွင် အငှားသွားရောက်ကစားခဲ့ပြီးနောက် ဟားစီးတီးအသင်းသို့ ၂ဝ၁၁ ခုနှစ်တွင် ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်သည်။ ချက်စတာသည် ဟားစီးတီး အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေ သေးသော်လည်း ပရီမီယာလိဂ်တွင် ကစားရန် ဆန္ဒရှိခဲ့ခြင်းကြောင့် ဝက်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
[ငွေကြယ်]

No comments:

Post a Comment