နယူးဒေလီ သြဂုတ် ၁
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက်ဘင်ဂေါပြည်နယ်တွင် ဇူလိုင် ၃၁ ရက် မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆက်နွှယ်၍ လူ ၄ဝ ထက် မနည်းသေဆုံးခဲ့ကြောင်း ယင်းပြည်နယ်မှ အထက်တန်းတာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းပြည်နယ်တစ်ဝန်းလုံးတွင် လူဦးရေ ၃ဝဝဝဝ ကျော်အား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး လတ်တလောအချိန်ထိ သေဆုံးသူ ၄ဝ ထက် မနည်းရှိကြောင်းဖြင့် အမည်ဖော်ပြခြင်းမရှိသော အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
ဇူလိုင် ၃၁ ရက် နံနက် အစောပိုင်းကတည်းက အနောက်ဘင်ဂေါပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်ထပ် ၄၈ နာရီအတွင်း ထပ်မံ၍မိုးသည်းထန်စွာရွာဖွယ်ရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူများက လူအများအားနေရာရွှေ့ပြောင်းပေးခြင်း ဖြင့် အခြေအနေကို ထိန်းချုပ်ထားပြီး ရေဘေးသင့်နေသည့်ဒေသများသို့ ပြည်နယ်အစိုးရက သောက်ရေသန့်ဘူးများ ဖြန့်ဝေပေးနေကြောင်း သတင်းတွင်ဖော်ပြသည်။
ဆင်ဟွာ။
No comments:
Post a Comment