ရန်ကုန် သြဂုတ် ၁
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့မရဲစခန်းတွင် ခိုးမှု၊ ခိုးမှုမသင်္ကာ တို့ဖြင့် ဖမ်းဆီးအရေးယူထားသော လှိုင်သာယာ မြို့နယ်နေသူများဖြစ်ကြသည့် အောင်မျိုးသူ(ခ)အောင်မျိုးကိုကိုနှင့် ရဲလင်းထက်တို့အား အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ ၄င်းတို့နှစ်ဦးသည် ဇွန်လက လှိုင်သာယာ မြို့နယ် အမှတ်(၁၅)ရပ်ကွက်ရှိ နေအိမ် ခြံဝင်းသုံးခုအတွင်းမှ ဆိုင်ကယ်သုံးစီးနှင့် မြေတိုင်း(၂၂)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းမှ ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
သက်သေခံဆိုင်ကယ်များအား ပြန်လည်သိမ်းဆည်းခဲ့ပြီး၎င်းတို့ နှစ်ဦး အား လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ဝ၄ဝ)
No comments:
Post a Comment