Monday, August 31, 2015

ဗုံးခွဲမှုသံသယရှိသူကို ထိုင်းရဲတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ


 Myanmaalinn's photo.
ဗန်ကောက် သြဂုတ် ၃ဝ

နိုင်ငံခြားသားတစ်ဦးအား နိုင်ငံကူးလက်မှတ်အတုနှင့် ဗုံးလုပ်ကိရိယာများနှင့်အတူ ဖမ်းဆီးလိုက်ပြီးနောက် ထိုင်းမှုခင်းရဲတပ်ဖွဲ့ဝင်များက ဗန်ကောက်မြို့ နေရာအနှံ့ ရှာဖွေမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဗန်ကောက်မြို့လယ်ရှိ ဟိန္ဒူဘုရားကျောင်း၌ သြဂုတ် ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိရာ မိုဘိုင်းဖုန်း နံပါတ် ၁ဝဝဝ ခန့်နှင့် ပတ်စ်ပို့စ် ၂ဝဝ ခန့်ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းအာဏာပိုင် များက ပြောသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂ဝ သေဆုံးခဲ့သည်ဟု ဆိုသည်။
သေဆုံးသူများတွင် နိုင်ငံခြားသား ၁၄ ဦးပါဝင်ရာ တရုတ်နှင့် ဟောင်ကောင်မှ ခုနစ်ဦးပါဝင်သည်ဟု ဆိုသည်။
ယင်းဗုံးခွဲတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။ စနေ နေ့က ဖမ်းဆီးလိုက်သော အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါ နိုင်ငံခြားသားသည် မည်သည့်နိုင်ငံသားဖြစ်သည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးဟုဆို သည်။
၎င်းအမျိုးသားအား တရားမဝင်လက်နက်များ ကိုင်ဆောင်မှုဥပဒေဖြင့် ဖမ်းဆီးထားသည်ဟု ဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment