Sunday, August 30, 2015

အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်ပစ်ခတ် အရပ်သားကိုးဦးသေဆုံး


 


နယူးဒေလီ သြဂုတ် ၂၉

အိန္ဒိယနှင့် ပါကစ္စတန် နယ်ခြားစောင့်တပ်များသည် အငြင်းပွားကက်ရှ်မီးယားဒေသ၌ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အပြစ်မဲ့ပြည်သူ ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယအာဏာပိုင်အဖွဲ့က ပါကစ္စတန်တို့သည် သြဂုတ် ၂၈ ရက် ကတည်းက လက်နက်ကြီးများဖြင့် ဂျမူးပြည် နယ်ကို တရစပ်ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

ဂျမူးပြည်နယ်သည် အိန္ဒိယ ထိန်းချုပ်ရာ ပြည်နယ်တစ်ခုဖြစ် သည်။ လက်နက်များဖြင့် အပြန် အလှန်ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အိန္ဒိယတပ်များက ပါကစ္စတန် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို လက် တုံ့ပြန်ခြင်းဖြစ်ကြောင်း အိန္ဒိယ မီဒီယာက ပြောခဲ့သည်။

အိန္ဒိယဘက်က ပန်ဂျပ်ပြည်နယ် ကို တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ခြောက်ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန် တပ်မတော်က ကြေညာချက် ထုတ် ပြန်ခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန် အရာရှိ များသည် လုံခြုံရေးဆိုင်ရာအရေး ကိစ္စများနှင့် အစောပိုင်းက အိန္ဒိယ မြို့တော် နယူးဒေလီ၌ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အစီအစဉ်နှင့် ပတ်သက်သည့် သဘောထားကွဲလွဲ မှုများကြောင့် ဆွေးနွေးပွဲဖျက်သိမ်း ခဲ့ရသည်။ (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment