Sunday, August 30, 2015

တူရကီဝန်ကြီးချုပ် အစောပိုင်း ရွေးကောက်ပွဲများအတွက် ကြားဖြတ်အစိုးရဖွဲ့စည်း




အန်ကာရာ သြဂုတ် ၂၉

တူရကီဝန်ကြီးချုပ် အာမက် ဒါဘူတိုဂလူသည် သြဂုတ် ၂၉ ရက်မှ နိုဝင် ဘာ ၁ ရက်နေ့အထိ ကျင်းပရန် လျာထားသော ရှောင်တခင် ရွေးကောက်ပွဲ (snap election) မတိုင်မီ အစိုးရလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာဏာ ခွဲဝေအုပ်ချုပ်မည့် ကြားဖြတ် အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

အစိုးရအဖွဲ့ ရွေးကောက်ပွဲတွင် အဓိကအားဖြင့် ဗျုရိုကရက်များ၊ အများ အားဖြင့် ဝန်ကြီးရုံးများအောက်တွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် အတွင်းဝန်များနှင့် အတိုက်အခံပါတီမှ ဝန်ကြီးသုံးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
အစ္စတန်ဘူလ်ရဲဌာနအကြီးအကဲ ဆာလမီ အယ်လ်တီနော့ခ်ကို ကြားဖြတ် ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဆဲ့ဗ်အက်တ် ရီလ်မက်ဇ်နှင့် တူကဂူ တာ့က်ခ်တို့ကို ဒုတိယဝန်ကြီးချုပ်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေသော ဒုတိယဝန်ကြီးချုပ်များဖြစ်သည့် နူမန် ကာတယ်မက်နှင့် ရယ်ကင်းအက်ဒိုဂန်တို့ကို ၄င်းတို့ ရာထူးတာဝန်အတိုင်း ဆက်လက် တာဝန်ထမ်းဆောင်စေပြီး အေကေပီပါတီမှ အယ်လီရီဇာ အလာဘို ရမ်ကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
အာဒိုဂန်က ဝန်ကြီးချုပ်စာရင်းအကြမ်းကို အတည်ပြုပြီးနောက် ဒါဘူတို ဂလူက ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်သည် အတိုက်အခံပါတီများကို အကြိုရွေးကောက်ပွဲအစိုးရ အဖွဲ့တွင် ပါဝင်ရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း စီအိတ်ခ်ျပီပါတီနှင့် အမ် အိတ်ခ်ျပီပါတီတို့က ပါဝင်ရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment