Sunday, August 30, 2015

ကျွန်တော်ချစ်မိနေပါပြီလို့ဆိုလာတဲ့ ဂျက်စတင်ဘီဘာ




''Never Say Never''သီချင်း အဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့ တေးအယ်လ်ဘမ်သစ် ''What Do You Mean''အတွက် ပြုလုပ်တဲ့ ပရို မိုးရှင်းပွဲမှာ သူ၏အချစ်သစ် အကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။
သူဖွင့်ပြောလာတဲ့ သူ့ရဲ့ချစ်သူ အသစ်ကတော့ အက်စ်သာလို့ အမည်ရပါတယ်တဲ့။ အက်စ်သာက တော့ အခြားမဟုတ်ပါဘူး။ သူ့အိမ် မှာမွေးထားတဲ့ ချစ်စရာပိုးသားလို နူးညံ့ တဲ့အမွေးလေးတွေရှိတဲ့ တယ်လီယာ ခွေးမလေး ပါပဲ။
ဂျက်စတင်ဘီဘာက ''The Morning Show''ရုပ်သံအစီအစဉ်၏ အင်တာဗျူးတစ်ခုမှာ ''ကျွန်တော် အချစ်သစ်ကို တွေ့ရှိသွားပါပြီ။ ကျွန်တော်သူ့ကို အလွန်ချစ်မိနေပါပြီ။ သူ့နာမည်က အက်စ်သာပါ။ ကျွန် တော်ရဲ့ ပါပီလေးပေါ့။ ပိုးသားလို နူးညံ့တဲ့ အမွေးလေးတွေနဲ့ အလွန်ပဲ ချစ်စရာကောင်းပါတယ်''လို့ အရွှန်း ဖောက်ကာ ပြောခဲ့ပါတယ်။
ဘီဘာသည်ပြီးခဲ့သည့် နှစ်အတွင်း က လူအများ အထင်သေးစေတဲ့ အပြုအမူများစွာကို လုပ်ခဲ့မိတဲ့ အတွက် ယခုအချိန်မှာတော့ လူ ကောင်း တစ်ဦးဖြစ်လာဖို့ ကိုယ့်ကိုယ် ကိုယ်ကြိုးစားတည်ဆောက်နေတယ် လို့ ဆိုပါတယ်။
သူက''ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေကို အထောက် အကူပေးနိုင်မယ့်သူတွေ၊ ကျွန်တော့် ဘဝကို မြှင့်တင်ပေးနိုင်မယ့်သူတွေ၊ ကျွန်တော့်ကိုယ်ကျွန်တော် အကောင်း ဆုံးသောသူအဖြစ်မြင်လာစေပြီး ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုတွေ ဖန်တီးပေး နိုင်မယ့်သူတွေ၊ အဲ့ဒီလိုလူတွေနားမှာ ပဲ ကျွန်တော်နေချင်တယ်။ ဘာလို့ လည်းဆိုတော့ ဒီလောကထဲမှာ ကျွန်တော်ကျရှုံးတာကို မြင်ချင်နေ ကြတဲ့ လူတော်တော် များများရှိနေ တယ်လေ''လို့လည်း ပြောခဲ့ပါတယ်။
ဆက်ပြီးတော့ သူက ''လူတွေ အပေါ်ယုံကြည်မှုထားရတာ အတော် ခက်ခဲတဲ့ကိစ္စပါ။ အထူးသဖြင့် ကျွန် တော့်အတွက်ပေါ့။ ကျွန်တော် အရင် က ယုံကြည်ချင်စရာမကောင်းတဲ့ သူ တွေကိုတောင် ယုံကြည်ပေးခဲ့တယ်။ သူတို့တွေကြောင့် ကျွန်တော့် နှလုံးသားတွေပဲ နာကျင်ခဲ့ရတယ် လေ'' လို့လည်း ရင်ဖွင့်ခဲ့ပါတယ်။
ဘီဘာက ကိုယ့်ရဲ့ ယုံကြည်မှုတွေ ကိုဖျက်ဆီးခဲ့တဲ့ သူအတွက် အခြားသူ တွေ အပေါ်ထားရှိတဲ့ ယုံကြည်မှုကို တော့ မစွန့်လွှတ်လိုက်ဖို့ သူ့ရဲ့ပရိသတ် တွေအတွက် လက်ဆောင်ပေးခဲ့ပါ တယ်။
အေးပြည့် - စုစည်းသည်။

No comments:

Post a Comment