ကောင်းမြတ်သူ-စုစည်းသည်
ဝက်စ်ဘရွန်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဆိုင်ဒိုဘီရာဟီနိုကို စပါးက
တတိယအကြိမ်ကမ်းလှမ်းဖွယ်ရှိပါတယ်။ သို့ပေမယ့် စပါးက ပေါင် ၂၁ သန်း နဲ့
ကမ်းလှမ်းမှုကိုတော့ ဝက်စ်ဘရွန်းက ပယ်ချခဲ့ပါတယ်။ ဝက်စ်ဘရွန်းက တိုက်စစ်မှူး
ဆိုင်ဒိုဘီရာဟီနိုကို လိုချင်ရင် ပေါင် ၂၅ သန်းပေးမှ ရောင်းမယ် လို့
ဆိုပါတယ်။ ယခုသီတင်းပတ်အတွင်း စပါးက ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်း မှုကိုတော့
ဝက်စ်ဘရွန်းက ပယ်ချခဲ့ပါတယ်။ စပါးနည်းပြ ပိုချက်တီနိုအနေဖြင့် ဟယ်ရီကန်းကို
ကူညီနိုင်ဖို့ တိုက်စစ်မှူးတစ်ဦး အမြန်ဆုံးခေါ်ယူဖို့ ဆုံးဖြတ်
ချက်ချရတော့မှာ ဖြစ်ပါတယ်။ စပါးက ပထမဆုံးအနေနဲ့ ပေါင် ၁၈ သန်းနဲ့
ကမ်းလှမ်းခဲ့တာပါ။ သို့ပေမယ့် မကြာသေးမီက ပေါင် ၂၁ သန်းအထိ တိုးပြီး
ကမ်းလှမ်းခဲ့ပါတယ်။ အခုတစ်ဖန် ပေါင် ၂၅ သန်းအထိ လိုချင်တယ်လို့
ဝက်စ်ဘရွန်းက ဆိုပါတယ်။ စပါးမှာလည်း အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟယ်ရီ
ကိန်းကို ဂိုးပေါက်ဖန်တီးပေးနိုင်အောင် တိုက်စစ်မှူးတစ်ဦး အမြန်ဆုံးလိုအပ်
နေတာဖြစ်ပါတယ်။
No comments:
Post a Comment