Friday, August 28, 2015

ရုပ်ရှင်ရုံအတွင်း လူ ၁၂ ဦး ပစ်သတ်ခဲ့သည့် ဘွဲ့ရကျောင်းသားဟောင်းအား ထောင်ဒဏ် ၃၃၁ နှစ် ချမှတ်




ဝါရှင်တန် သြဂုတ် ၂၇
လူ ၁၂ ဦး သေဆုံးခဲ့သည့် ၂ဝ၁၂ ခုနှစ်က ကော်လိုရာ ဒိုပြည်နယ်ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ ဖြစ်ပွားခဲ့သော ပစ်ခတ်ရမ်းကားမှုများအတွက် ဘွဲ့ရကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဂျိမ်းစ်ဟုမ်းစ်အား အမေရိကန်တရားရုံးတစ်ရုံးက ပြစ်ဒဏ်မစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးမှုမရှိသည့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ထောင်ဒဏ် ၃၃၁၈ နှစ် ချမှတ်လိုက်သည်။
တရားရုံးက ¤င်းအပေါ်စီရင်ချက်ကို သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဇူလိုင်တွင် ရုပ်ရှင်ရုံတစ်ရုံအတွင်း အသက် (၂၇) နှစ်ရှိ ဂျိမ်းစ်က သေနတ်ပစ်ခတ်ခဲ့ရာ လူ ၁၂ ဦး သေဆုံး ခဲ့ပြီး ၇ဝ ဒဏ်ရာရရှိခဲ့သည်။ ၎င်းသည် လူသတ်မှု အပါအဝင် စွပ်စွဲချက် ၁၆၅ ချက် ရင်ဆိုင်ခဲ့ရသည်။ တရားခံမှာ မည်သည့်ညှာတာထောက်ထားမှုနှင့်မျှ မထိုက်တန်ကြောင်း၊ ထို့ကြောင့် ၎င်း၏အမှုမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရန် အကြောင်းခိုင်လုံကြောင်း တရားသူကြီးက ပြောကြားသည်။
ထောင်ဒဏ် ၃၃၁၈ နှစ်မှာ အမေရိကန်ပြည်ထောင်စု သမိုင်းတွင် စတုတ္ထအမြင့်ဆုံးပြစ်ဒဏ်ဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ရေးသားဖော်ပြသည်။အမှုစစ်ဆေးချိန် အတွင်း အစိုးရရှေ့နေများက သေမိန့်ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့ကြသော်လည်း အဖွဲ့ဝင် ၁၂ ဦးပါ ဂျူရီ အဖွဲ့ကြား သဘောတူညီမှုမရရှိခဲ့ပေ။ ဂျူရီအဖွဲ့က ဂျိမ်းစ်အား သြဂုတ် ၇ ရက်နေ့တွင် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment