Friday, August 28, 2015

ဖယ်လိုင်နီကို တိုက်စစ်မှူးထားတော့မယ့် ဗန်ဟားလ်




ကောင်းမြတ်သူ-စုစည်းသည်

မန်ယူနည်းပြ ဗန်ဟားလ်က ဒီနှစ် ရာသီမှာ ကွင်းလယ်ကစားသမားတွေ ခေါ်ယူခဲ့တာကြောင့် ကွင်းလယ်ကစား ကွက် တောင့်တင်းနေပြီး တိုက်စစ်မှူး လိုအပ်ချက်ရှိနေပါတယ်။ ဒီအတွက် ဖယ်လိုင်နီကို ကျောနံပါတ် ၉ သို့ မဟုတ် နံပါတ် ၁ဝ ဂျာစီအင်္ကျီကို ဝတ်ဆင်ပေးပြီး တိုက်စစ်မှူးနေရာ ထားမယ်လို့ ဆိုပါတယ်။ မန်ယူ တိုက်စစ်အတွက် ဂိုးတွေသွင်းယူပေး နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဖယ်လိုင်နီက ဆိုပါတယ်။ မန်ယူ အသင်းအနေနဲ့ ပရီမီယာလိဂ်မှာ ရှုံး ပွဲမရှိဆက်ထိန်းထားနိုင်ပါသေးတယ်။ သို့ပေမယ့် ဂိုးသွင်းမှုပုံစံကတော့ အနေအထားမကျသေးဘဲဖြစ်နေပါ တယ်။ မန်ယူဟာ သုံးပွဲမှာ နှစ်ဂိုး သာ သွင်းယူနိုင်ပါသေးတယ်။ ဒီအထဲ မှာ တစ်ဂိုးကလည်း ကိုယ့်ဂိုးကိုယ် မတော်တဆပြန်သွင်းတဲ့ ဂိုးဖြစ်နေ ပါတယ်။ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ရွန်းနေကလည်း ဂိုးမသွင်းနိုင်တာ ၁ဝ ပွဲရှိသွားပြီဖြစ်ပါတယ်။ ဒီအတွက် ဖယ်လိုင်နီကို တိုက်စစ်မှူးအဖြစ်ထားဖို့ စီစဉ်လျက်ရှိပါတယ်။

No comments:

Post a Comment