Saturday, August 1, 2015

ဟားခါး၌ ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး



The Mirror Daily's photo.

ဟားခါး ဇူလိုင် ၃၁

မြန်မာနိုင်ငံတစ်ဝန်း၌ ယခုလ ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် မတူပီလမ်းရှိ ဦးလိုင်လွဲမှုန်၏ နေအိမ်သည် မြေသားအက်ကြောင်းများ ရှိနေ၍ ဟားခါးခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးဦးစိုးနိုင် ဦးဆောင်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ယင်းအိမ်ဖျက်သိမ်းခြင်းကို ဝိုင်းဝန်းဆောင်ရွက် ခဲ့ကြသည်။

ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီကျော်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးချွမ်လိန်းနေအိမ် အုတ်ညှပ်သုံးထပ်အဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့် တာဝန်ရှိသူများ ချက်ချင်းရောက်ရှိကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ပျက်စီးမှု ထပ်မံမဖြစ်ပေါ်စေရေး၊ အပျက်အစီးများအား အန္တရာယ်ကင်းရှင်းစွာ စနစ်တကျရှင်းလင်းဖယ်ရှားဆောင်ရွက်ရေး၊ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများ၊ တယ်လီဖုန်းကြိုးများ အန္တရာယ်မဖြစ်ပေါ်စေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ယင်းနေအိမ်မိသားစုဝင်များအား ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် လူနှင့်အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ဟားခါးမြို့ပေါ်၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် ဇူလိုင်၂၉ ရက်အထိ ပျက်စီးလူနေအိမ် ၁၃ လုံး၊ အန္တရာယ်ရှိ၍ ရွှေ့ပြောင်းပေးရသည့် အိမ်ထောင်စု ၄ဝ နှင့် လူဦးရေ ၂ဝ၅ ဦးရှိကာ ၎င်းမိသားစု ဝင်များအား ထောက်ပံ့ပစ္စည်းများ ကူညီပေးအပ်ခြင်းများကိုတာဝန်ရှိသူ များက စီမံဆောင်ရွက်ပေးလျက် ရှိသည်။ (ချင်းပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment