Sunday, August 30, 2015

လေးကျွန်းသူ ဓမ္မမိတ်ဆွေများအဖွဲ့နှင့် အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း





The Mirror Daily's photo.
 


ရန်ကုန် သြဂုတ် ၂၉

လေးကျွန်းသူ ဓမ္မမိတ်ဆွေများအဖွဲ့မှ ဒေါက်တာ ဒေါ်မြသီတာဦးဆောင်သည့် အလှူရှင်များသည် ဒုတိယအကြိမ် လှူဒါန်းမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ကျေးရွာများရှိ ရေဘေးသင့်ကျောင်းများ အသစ်တည်ဆောက်ရန်နှင့် ရေဘေးသင့်ဒေသခံပြည်သူ များအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို သြဂုတ် ၂၅ ရက်က သွားရောက်လှူဒါန်းခဲ့သည်။
ယင်းသို့ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ရာတွင် ဆေးရုံများသို့ ဆေးပစ္စည်းများနှင့် ဘုန်းကြီးကျောင်းများသို့ အလှူငွေများ၊ ဆေးပစ္စည်းများ၊ စားသောက်ပစ္စည်း များ၊ အဝတ်အထည်များ၊ ဇလွန်ဘုရားကြီးတွင် ဘက်စုံ ပြုပြင်ထိန်းသိမ်းရန်အတွက် လှူဒါန်းငွေကျပ် သုံးသိန်း၊ ရေဘေးသင့် ရွှေဟင်္သာကျွန်းကျေးရွာရှိ မူလတန်းကျောင်း အသစ်တည်ဆောက်ရန်မတည်အလှူငွေကျပ် ၁၂၄ သိန်း၊ မဟာနေဘုရင်ဘုရားကြီး ဘက်စုံပြုပြင်ရန် အလှူငွေကျပ် ၄၃ သိန်း၊ ရေဘေးသင့် မအူကုန်းကျေးရွာရှိ မူလတန်း ကျောင်း အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေ ကျပ်သိန်း ၇ဝ၊ ရေဘေးသင့် မအူကုန်းကျေးရွာမှ ကလေး များအား လှူဒါန်းငွေကျပ် ၄၅ဝဝဝဝ၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများအတွက် အလှူငွေ ကျပ်တစ်သိန်း၊ ရွှေဟင်္သာကုန်းကျေးရွာရှိ ရွှေဂူကျောင်းသို့ အလှူငွေကျပ် တစ်သိန်း၊ ရေဘေးသင့် မူလတန်းကြို ကျောင်း အသစ်ပြန်လည်တည်ဆောက်ရန် အလှူငွေကျပ် သိန်း ၃ဝ စုစုပေါင်းငွေကျပ် ၂၃၇၈ဝဝဝဝ နှင့် တန်ဖိုး ငွေကျပ် ၂ဝ၃၇ဝ၁၅ဝ ရှိ ထောက်ပံ့ရေးပစ္စည်းများ စုစုပေါင်း ငွေကျပ် ၄၄၁၅ဝ၁၅ဝ တို့ကို လှူဒါန်းခဲ့သည်။

အလားတူ သြဂုတ် ၈ ရက်နှင့် ၉ ရက်များကလည်း လေးကျွန်းသူ ဓမ္မမိတ်ဆွေများအဖွဲ့နှင့် အလှူရှင်များသည် ပထမအကြိမ် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်သို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ငွေကျပ် သိန်း ၆၅ဝ ဖိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment