Sunday, August 30, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုညစာတည်ခင်း



 


နေပြည်တော်  သြဂုတ်  ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော  မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား   ထိုင်းနိုင်ငံ ဗန်ကောက်မြို့Dusit Thani Hotel ရှိ Napalai Ballroom  ၌ သြဂုတ် ၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်General Worapong Sanganetra  က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီးတို့တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့်တပ်မတော်  ဒုတိယကာကွယ်ရေးဦးစီးချုပ်များ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ နှင့်ဇနီးများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ညစာစားပွဲသို့ တက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော် မှ တေးဂီတအဖွဲ့နှင့် ထိုင်းရိုးရာယဉ်ကျေးမှုအကအဖွဲ့များက တေးသီချင်း များ၊ ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်General Worapong Sanganetra  နှင့် ဇနီးတို့သည် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
 (မြဝတီ)

No comments:

Post a Comment