Sunday, August 30, 2015

ထိုင်းနိုင်ငံဘုရင့်ဆေးတပ်မတော် ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ ဇလွန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား လာရောက်ဆေးဝါးကုသပေး




The Mirror Daily's photo.


ဇလွန် သြဂုတ် ၂၉

မြန်မာနိုင်ငံအတွင်း ရေလွှမ်းမိုးရာ ဒေသများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီစောင့်ရှောက်ရန် ထိုင်းဘုရင့် တပ်မတော်မှ Major General PARINYA Khoonnasee ခေါင်းဆောင်သော ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့ နယ် ဒေါင့်ကြီးကျေးရွာသို့ သြဂုတ် ၂၈ ရက် နံနက်ပိုင်းက ရောက်ရှိလာပြီး အရိုးအကြောရောဂါ၊ ကလေးသူငယ်များနှင့် အထွေထွေရောဂါ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေါင့်ကြီးကျေးရွာတွင် လမ်းမတော် လမ်းနှင့် ၁ လမ်းမှ ၆ လမ်းအထိ၊ ဒေါင့်ကြီးခွဲ အထကကျောင်းများသို့ ခြင်ဆေးဖျန်းခြင်း၊ ရေသန့်စစ်ဆေး ခြင်း၊ ဆေးထည့်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ဒေါင့်ကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အသက် ငါးနှစ်အောက်ကလေးလူနာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ဝ၊ အရိုးအကြောရောဂါလူနာ အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး ၄၅ ဦးနှင့် အထွေထွေရောဂါလူနာ အမျိုးသား ၁၄၃ ဦး၊ အမျိုးသမီး ၂၇၅ ဦး တို့ကို ဆေးကုသပေးလျက်ရှိရာ ဟင်္သာတ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးတိုး၊ ဇလွန်မြို့နယ် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းဆန်းဝင်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်း၊ ဒေါက်တာပြည့်ဖြိုးသူနှင့် သူနာပြုများ က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ပြီး ဒေါင့်ကြီး၊ တောင်ပို့တစ်ရာ၊ အိုးပို၊ သရက်ချောင်း၊ သဲကုန်း၊ ကျုံခ မွန်၊ ကူးတို့ဆိပ်၊ သမန်းကုန်း၊ သာဓု ချောင်း ကျေးရွာများမှ လူနာ ၅၁ဝ တို့အား ဆေးဝါးများကုသပေးခဲ့ ကြောင်း သိရသည်။
ငွေသန်း(ပြန်/ဆက်)

No comments:

Post a Comment