နေပြည်တော် ဇူလိုင် ၃၁
မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီ၏
လမ်းညွှန်ချက်အရ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်
နေရာချထားရေးဝန်ကြီးဌာန ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနသည်
ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ
ထောက်ပံ့ပေးနိုင် ရန်အတွက် စုစုပေါင်းငွေကျပ် ၅၉၅၄ဝဝဝ တန်ဖိုးရှိ
အမျိုးသားလုံချည်၊ အမျိုးသမီးလုံချည်၊ မျက်နှာသုတ်ပဝါ နှင့်
ကာဘော်လစ်ဆပ်ပြာတို့ကို ဇူလိုင် ၃၁ ရက်တွင် နေပြည်တော်လေဆိပ်မှ
တပ်မတော်လေယာဉ့်-၈ ဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ စုစုပေါင်းငွေကျပ် ၂၄၁၉၅ဝဝဝ တန်ဖိုးရှိ
မိုးကာလိပ်၊ အဝတ်အထည်ဘေထုပ်နှင့် င်္Family Kit ပစ္စည်းများအား မင်္ဂလာဒုံလေဆိပ်
ရှိ တပ်မတော်လေယာဉ့် -၈ ဖြင့် လည်းကောင်း အခြားဝန်ကြီးဌာနများ
မှလှူဒါန်းထောက်ပံ့သည့် ပစ္စည်းများ နှင့်အတူ ရခိုင်ပြည်နယ်သို့ ပို့ဆောင်
ပေးခဲ့သည်။
အခြားသော ရေဘေးသင့်ဒေသ များမှ ပြည်သူများအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်၊ ခရိုင်များရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများကို ဆက် လက်ထောက်ပံ့ရေးစီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment