နေပြည်တော် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် ယနေ့နံနက်ပိုင်းတွင်
ကြီးအုံကြီးဝရေလှောင်တမံသို့ သွားရောက်စစ်ဆေးပြီး ရေလှောင်တမံမှ
တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများအား
တမံကြံ့ခိုင်ရေးအတွက် အစဉ်အမြဲစစ်ဆေးကြပ်မတ်ရန်၊ တာဝန်ချထားသော
ရေကင်းများအနေဖြင့် ထူးခြားမှု ရှိပါကလည်းကောင်း၊
ကြီးအုံကြီးဝတမံမှတစ်ဆင့် မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများ
ရေဝင်ရောက်မှု ရှိပါကလည်းကောင်း အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်
မှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ကြီးအုံကြီးဝရေလှောင် တမံမှတစ်ဆင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်း တစ်လျှောက်အား ကြည့်ရှုစစ်ဆေးသည်။
ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲနှင့် အကူရေပိုလွှဲမှ စနစ်တကျ ရေထုတ်လွှတ်လျက်ရှိပြီး ပင်မတမံကြံ့ခိုင်မှု အတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment