Saturday, August 1, 2015

ပွင့်ဖြူမြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးဖြစ်




The Mirror Daily's photo.

နေပြည်တော် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် နှင့် ပွင့်ဖြူမြို့နယ်တို့တွင် မိုးမဆက်မပြတ်ရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေကြီးရေလျှံဖြစ်ပွားပြီး မြို့ပေါ်ရပ်ကွက်အတွင်း ရေအနက်ခြောက်ပေအထိ ဝင်ရောက်လျက်ရှိသည့်အပြင် မုန်းချောင်းနံဘေးရှိကျေးရွာ ၂ဝ ခန့် တွင်လည်း ရေဝင်ရောက်မှုကြောင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီကဦးဆောင်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိသည်။

ပွင့်ဖြူမြို့နယ် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်မှ ဒေသခံ ၆၂၂ဝ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၅ဝဝဝ တို့အား ဘေးလွတ်ရာကံသာကြီးကျေးရွာအထက်တန်း ကျောင်း၊ စံပြကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သာသနာ့ဝေပုလ္လကျောင်းနှင့် နယ်မြေခံတပ်ရင်းတို့၌ လည်းကောင်း၊ စေတုတ္တရာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ နှစ်ရွာရှိ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ အခြေခံပညာအထက်တန်းကျောင်း၊ မီးသတ်ကုန်းနှင့် လေယာဉ်ကွင်းရှိ အဆောက်အအုံတို့၌လည်းကောင်း ရွှေ့ပြောင်းထားရှိသည်။

အဆိုပါ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က ''လက်ရှိမုန်းတမံမှာ ရေအမှတ်က ဒီနေ့မွန်းလွဲပိုင်းကစပြီး တန့်သွားပါပြီ။ ရေပိုလွှဲရေကျော်ကျမှုလည်း လျော့ကျ သွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ်မကျရအောင် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနေပါတယ်။ ကယ်ဆယ်ရေးစခန်းက ပြည်သူတွေအတွက် ရေသန့်၊ ဆန်၊ ဆီ၊ ပဲနဲ့ ခေါက်ဆွဲ ခြောက် စတဲ့ စားသောက်စရာတွေလည်း စီစဉ်ဆောင်ရွက် ပေးနေပါတယ်''ဟု ပြောသည်။


ပွင့်ဖြူမြို့ ရေကြီးရေလျှံဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ¤င်းက မြို့ပေါ်ရပ်ကွက်မှာ ရေတွေဝင်ရောက်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူအားလုံးကိုဘေးလွတ် ရာ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ထားပြီးပါပြီ။ ပြီးတော့ စေတုတ္တရာမြို့နယ်မှာလည်း ရေးသင့်ပြည်သူ တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးပါပြီ''ဟု ပြောကြား သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကလည်း ''ကျွန်တော်တို့ကယ်ဆယ် ရေးလုပ်ငန်းလုပ်တဲ့နေရာမှာ သက်ကြီးရွယ်အိုတွေကို ရွှေ့ပြောင်းပေးတဲ့အခါ အခက်အခဲနည်းနည်းဖြစ်တာက လွဲပြီး ကျန်တာ အခက်အခဲမရှိပါဘူး။ လူ တစ်ယောက် နွားရေမျောတာကို လိုက်ဆွဲရင်းသေဆုံး တာပဲရှိပါတယ်။ ကျန်တဲ့ဒေသခံပြည်သူတွေအားလုံးကို ဘေးလွတ်ရာကို ပို့ဆောင်ပြီးပါပြီ''ဟု ပြောပြသည်။
(ဟန်နီဝင်း)

No comments:

Post a Comment