Sunday, August 30, 2015

ဟားခါးမြေပြိုမှုဖြစ်စဉ် သစ်တောပြုန်းတီးမှုနှင့် မိုးများမှုတို့ပါဝင်



The Mirror Daily's photo.








ချင်းပြည်နယ် ဟားခါးမြို့တွင် ဇူလိုင်လတတိယပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ကာ လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးမှုများဖြစ်ပေါ် ခဲ့သည်။

ဟားခါးမြို့ မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ပညာရှင်များသည် သြဂုတ် ၁၇ ရက်က လေ့လာစမ်းသပ်မှုများ ပြုလုပ်နိုင်ရန် သွားရောက်ခဲ့ကြသည်။ ဟားခါးမြေပြိုမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း(ဗဟိုကော်မတီဝင်) ရန်ကုန်နည်းပညာတက္ကသိုလ် ဘူမိအင်ဂျင်နီယာဌာန(ဧည့်ပါမောက္ခ) ဆရာဦးကျော်ထွန်းနှင့် သွားရောက် တွေ့ဆုံ၍ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

မေး။ ဟားခါးမြို့က မြေပြိုလို့ပါသွားတဲ့ရပ်ကွက်တွေကို လူနေထိုင်ဖို့ သင့်၊ မသင့် ဘယ်လိုသတ်မှတ်ထားပါသလဲ။ နေထိုင်ဖို့မသင့်ဘူးဆိုရင် ဘယ်နေရာ တွေမှာ နေထိုင်ဖို့သင့်တယ်လို့ သတ်မှတ်သွားမှာပါလဲ။

ဖြေ။ မြေပြိုတဲ့အဓိကနေရာက တော့ ဟားခါးမြို့ဟောင်းရပ်ကွက်နဲ့ ဈေးဟောင်းရပ်ကွက်တွေမှာ ဆိုးဆိုး ရွားရွားဖြစ်ခဲ့တယ်။ အထူးသဖြင့် ဒေသအခေါ် ရုန်းတောင်ခြေမှာရှိတဲ့ ရပ်ကွက်တွေက အတော်လေးမြေပြို တဲ့ဒဏ်ကြောင့် အထိနာတာတွေ့ရတယ်။မြေပြိုတဲ့နေရာတွေကို ကြည့်တဲ့အခါ ရုန်းတောင်က တည့်တည့်ဆင်းလာတဲ့ နေရာတွေက ပမာဏလည်းကြီးတယ်။ တောင်ကပြိုလာတယ်။ကျိုးပဲ့အစတွေ၊ မြေသား ကျောက်သားအစတွေနဲ့ ဖုံးသွားတဲ့အတွက်ကြောင့် အဲဒီလို နေရာမျိုးကတော့ မပြုပြင်ဘဲနဲ့တော့ နေလို့ရမယ့် အခြေအနေမရှိဘူး။ပြုပြင်မယ်ဆိုလည်း စရိတ်က တော် တော်လေး အကုန်အကျများတယ်။ ဒီအတွက်ကြောင့် ပိုပြီးအန္တရာယ်ကင်း လုံခြုံတဲ့နေရာ ရွေးပေးပြီး ပြောင်းရွှေ့ပေးရင်ကောင်းတာပေါ့။ပြိုသွားတဲ့နေရာတွေက ဘယ်လောက် အကျယ်အဝန်း ရှိတယ်ဆိုတာ တိုင်းတာပြီး မြေပုံပေါ်တင်နေတယ်။ ပြီးရင် ဇုန်တွေခွဲမယ်။ ဘယ်ဇုန်က ပြောင်းလို့ရမယ်။ ဘယ်ဇုန်က နည်း နည်းပါးပါး ပြုပြင်ပြီး ဆက်နေလို့ရ မယ်ဆိုတာ လုပ်နေပါတယ်။

မေး။ မြေပြိုတဲ့နေရာတွေမှာပဲ တိုင်းတာစစ်ဆေးမှုတွေ လုပ်တာလား၊ တခြားနေရာတွေရော လုပ်သေးသလား သိပါရစေ။

ဖြေ။ အကောင်းပကတိရှိတဲ့နေရာ တွေကိုလည်း လိုက်ကြည့်တယ်။ အပြင် ပန်းက ကြည့်ရင် အိမ်ပြိုတာ၊ လမ်းပြို တာမရှိပေမယ့် မြေပြိုမှုအရှိန်ကြောင့် အက်ကွဲကြောင်းလေးတွေတော့ ရှိ တယ်။ သိပ်ပြီးမကြီးမားတဲ့အတွက် ကြောင့် ပြုပြင်လို့ရတဲ့နည်းလမ်းတွေ ရှိတယ်။ အထူးသဖြင့် မိုးများလို့ မိုးရေ ကြောင့်ဖြစ်တာတို့၊ ဆင်ခြေလျှော မတ်စောက်လို့ ဖြစ်တာတို့ ရှိတာ ကြောင့် နံရံထိန်းတွေ ဆောက်ပြီး ဆက်လက်နေထိုင်လို့ရတဲ့ အခြေ အနေမျိုးတွေ ရှိပါတယ်။

မေး။ ဟားခါးမြို့ ရုန်းတောင်ပြိုကျ တာနဲ့ပတ်သက်ပြီး ဘူမိဗေဒအမြင်နဲ့ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ မိုးရွာတဲ့ပမာဏက ဒေသခံ တွေပြောပြချက်အရ တစ်ပတ်အတွင်းမှာပဲ လက်မ ၃ဝ ကျော်ရွာတယ်။တစ်နှစ်ပတ်လုံးရွာနေတဲ့ မိုးရေ တစ်ဝက်လောက်က တစ်ပတ်အတွင်း ရွာလိုက်တာ။ မြေပြိုတဲ့အဓိက အကြောင်းရင်းက မိုးရေကြောင့်ဆိုတဲ့ အချက်က ထိပ်ကပါနေပါတယ်။ မြေသားမြေဆီလွှာပေါ် မိုးရေဝင် သွားတဲ့အခါ ကျွန်တော်တို့အခေါ် အောင်းရေဖိအားစုပြီး တက်လာ တယ်။ တက်လာတဲ့အချိန်မှာ သူ့ရဲ့ တွန်းချအားက တအားများလာတယ်။ မြေပြင်ပေါ်မှာ မြေဆီလွှာသဘောက အမြဲတမ်းလိုလို တွန်းချအား၊ တွန်း ကန်အားရှိတယ်။ တွန်းချအားပိုတဲ့ အခါ မြေပြိုတော့တာပဲ။ မြေသား ကလည်း ဘူမိဗေဒအမြင်နဲ့ကြည့်တဲ့ အခါ ဒီနေရာက လူတွေ မနေထိုင်ခင် ကတည်းက မြေပြိုပြီးသားနေရာဆိုတာ သိခဲ့ရတယ်။ ဒါကိုဒေသခံတွေ မသိကြ ဘူး။ သူတို့က နေလို့ရတယ်ဆိုပြီး နေနေကြတာ။ အဓိက ပြိုသွားတဲ့နေရာ သည်ပင်လျှင် အတိတ်က လူတွေ မနေခင်အချိန်က ပြိုပြီးသားမြေဖြစ် တယ်။ ဒါတော်တော်အရေးကြီးတဲ့ အချက်ပါပဲ။

မေး။ ချင်းတောင်တန်းတွေက ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ သိပါရစေ။

ဖြေ။ ထုံးစံအရ တောင်တန်းအပေါ် က မြေဆီလွှာ၊ အတွင်းမှာက အမာခံကျောက်တွေ ရှိတယ်။ မြေဆီ လွှာဘယ်လောက်ထူလဲ။ မြေဆီလွှာထိန်းသိမ်းတဲ့သစ်တောရှိလား။ အထူး သဖြင့် မိုးများတဲ့အခါကျရင် မြေဆီ လွှာမပြုန်းတီးအောင်ထိန်းတာ၊ သစ် တောတွေကထိန်းတာ။ တစ်နိုင်ငံလုံး မှာလည်းသစ်တောပြုန်းတီးမှုတအား များတယ်။အပေါ်မြေဆီလွှာ တိုက်စား တော့ မြေသားတွေ အောက်ဆင်း လာပြီး တောင်ပြိုမြေပြိုတာပါ။အောက်ဘက်မှာက ကျောက်မာရှိတယ်။ အပေါ်မှာ မြေဆီလွှာရှိတယ်။ကျောက် သားတွေက တဖြည်းဖြည်းဆွေး မြည့်ပြီး မြေဆီလွှာဖြစ်လာတယ်။ ဒါကြောင့် အပင်ပေါက်နိုင်တာပါ။ မြေဆီလွှာက တိုက်စားမှုများပြီး ကျောက်သားတွေပေါ်လာရင် အပင် ပေါက်ဖို့ အခက်အခဲရှိလာမယ်။ ချင်းတောင်တန်း တစ်ခုလုံးက အောက်ခံကျောက်သား၊ ကျောက်သား ပေါ်မှာမြေဆီလွှာရှိတယ်။ မြေဆီ လွှာက ကျောက်သားထက်စာရင် ဂုဏ်သတ္တိ နည်းတယ်။ အောက်ခံ ကျောက်ရှိတဲ့အတွက် နည်းနည်းခံနိုင် ရည် ရှိတယ်။ ပြန်ပြီးနေရာချထား ပေးမယ်ဆိုရင် အဲလိုနေရာမျိုးများ များရွေးမယ်။ အောက်ခံကျောက်သား လည်းရှိတယ်။ မြေဆီလွှာလည်းရှိမယ့် နေရာပေါ့။ နောက် ဆင်ခြေလျှောတွေ သိပ်မမတ်စောက်တဲ့ နေရာတွေကို လည်း သေချာလိုက်ရွေးတာပေါ့။

မေး။ မြေပြိုတာတွေ စမ်းသပ် စစ်ဆေးတဲ့အခါ ဒေသခံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ။ ဒေသခံတွေက သူတို့ရဲ့ ထင်မြင်ချက်တွေတော့ပြောကြတယ်။ အဓိက မိုးများလို့ ဖြစ်တာပါ။ မိုးရေ မှာလည်း သဲသဲမဲမဲရွာတဲ့မိုးရေ ကြောင့်ပါ။ တချို့နိုင်ငံတွေမှာ တောင် တန်းဒေသတွေမှာ ဘာလုပ်ပေးထား သလဲဆိုရင် မိုးရာသီဆို အဲဒီတောင် တန်းဒေသတွေရဲ့ မိုးရေချိန်ဘယ်နှ လက်မဆို တောင်ပြိုနိုင်တယ်ဆိုပြီး စံသတ်မှတ်ထားတဲ့နှုန်းရှိတယ်။ အဲဒီ သတ်မှတ်ချက်ကျော်ရင် သတိပေးပြီး လူတွေကိုရွှေ့ပြောင်းခိုင်းတယ်။ အဲဒီ လို အလေ့အကျင့်မျိုး၊ အစီအမံမျိုးတွေ တောင်တန်းဒေသတွေမှာ လုပ်ပေးဖို့ ကောင်းတယ်။

မေး။ ဟားခါးမြို့ မြေပြိုတာနဲ့ ပတ် သက်ပြီး အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မြို့ပြောင်းရွှေ့ ရမယ်ဆိုပြီး အသံတွေထွက်နေတယ်။ အဲဒီအပေါ် ဆရာ့အမြင်သုံးသပ်ပေးပါ။

ဖြေ။ သူတို့ပြောတဲ့အထဲမှာလည်း တကယ့်ကိုခိုင်မာတဲ့ အခြေခံအချက် အလက်မရှိဘဲနဲ့ တစ်ဆင့်စကားကြား ပြီးတော့ ပြန်ချဲ့ကားပြောတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပြီး ကြောက်စရာ ဖြစ်တာပါ။ ဟားခါးတစ်မြို့လုံးမဟုတ် ပါဘူး။ မြို့သစ်ရပ်ကွက်ကဆိုရင် နည်းနည်းပါးပါး ဖြစ်တဲ့နေရာတွေကို ပြုပြင်ပြီး နေထိုင်လို့ရမယ်။ မြို့ ဟောင်းရပ်ကွက်ကတော့ တောင်ကြီး ပတ်ပတ်လည်မှာ ရှိတဲ့အတွက် အခြေ အနေဆိုးခဲ့တယ်။ ကောင်းတဲ့နေရာ တွေလည်းကျန်ခဲ့တယ်။ ပြင်ပက စကားတွေကိုပြည်သူက မယုံဖို့အရေး ကြီးတယ်။ ကျွန်တော်တို့ ကြည့်တဲ့အခါ ဟားခါးမြို့ မြို့ဟောင်းရပ်ကွက်နဲ့ ဈေးဟောင်းရပ်ကွက်ပဲ အခြေအနေ ဆိုးခဲ့တယ်။

မေး။ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုနည်းပါးအောင် ဘယ်လိုကာကွယ်ရမလဲ။

ဖြေ။ မြေပြိုမှုတွေက ၁၉၉ဝ နောက်ပိုင်းမှာပိုဖြစ်လာတယ်။ ဘာနဲ့ ဆက်စပ်နေလဲဆိုတော့ သစ်တော ပြုန်းတီးမှုများလာတာနဲ့ ဆက်စပ် နေတယ်။ သူတစ်ခုထဲ ပုံချလို့တော့ မရဘူး။ တချို့ တောင်ယာခုတ် မီးရှို့ တာ၊ မီးသွေးဖုတ်ဖို့ သစ်ပင်ခုတ်တာတို့ ဒါတွေ မတားဆီးနိုင်တဲ့အတွက် မြေသားကိုထိန်းသိမ်းမယ့် အပင်က မရှိတဲ့အတွက်ကြောင့်ပါ။ အပင်ရှိတဲ့ အခါ မိုးရွာရင် အပင်က တစ်ဆင့်ခံ ထားတယ်။ အောက်ကိုလည်ြးေ<ွကကျ တဲ့သစ်ရွက်တွေက တစ်ဆင့်ခံထား တော့ ဒိုင်းသဖွယ် အကာအကွယ်ပေး ထားတယ်။ မြေပြင်ထိန်းသိမ်းမှုက အတော်လေးကောင်းနေတယ်။ အဲဒီ လိုဟာမျိုးတွေ မရှိတဲ့အတွက်ကြောင့် မိုးများတဲ့အခါ မိုးရေက အတားအဆီး မရှိစီးဆင်းတဲ့အတွက်ကြောင့် မြေဆီ လွှာတိုက်စားမှုတွေ တအားများလာ တယ်။ ဒါကိုထိန်းသိမ်းဖို့ဆိုရင် အပင် တွေ များများစိုက်ရမယ်။ စီးဆင်း လာတဲ့ မိုးရေကိုလည်း လမ်းတို့၊ တံတားတို့ရှိရင် တည့်တည့်မဖြတ် အောင် ရေနုတ်မြောင်းတွေ ရေဆင်း ကောင်းအောင် စနစ်တကျလုပ်ပေး မယ်။ ဆင်ခြေလျှောနေရာတွေမှာ အမြင့်ရှည် နှစ်ရှည်ခံ ချက်ချင်းကြီး ထွားမယ့်အပင်တွေကို ရှာဖွေပြီးစိုက် မယ်။ တခြားနိုင်ငံတွေမှာဆို အပင် စိုက်ပြီး ဆင်ခြေလျှောထိန်းသိမ်းတဲ့ နည်းပညာတွေပေါ်နေတဲ့အတွက် ကြောင့် အဲလိုမျိုး လုပ်ပေးမယ်ဆိုရင် မြေပြိုသက်သာမှာပါ။

မေး။ မြန်မာနိုင်ငံမှာ မြေပြို တောင် ပြိုမှုတွေရှိခဲ့ဖူးသလား၊ ရှိခဲ့တယ်ဆိုရင် သိပါရစေ။

ဖြေ။ မြန်မာနိုင်ငံမှာဖြစ်ခဲ့ဖူးတယ်။မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် တနင်္သာရီ၊ ရှမ်းပြည်နယ်၊ မိုးကုတ်၊ ပဲခူးရိုးမ၊ ရခိုင်ဘက်တွေမှာ ပြိုခဲ့ တာတွေရှိခဲ့တယ်။ တနင်္သာရီဘက်ဆို ရွာလုံးကျွတ် မြုပ်သွားတာတွေ၊ အသေအပျောက်တွေရှိခဲ့တယ်။ ချင်းပြည်နယ်မှာ ကံကောင်းတာက လူတွေကိုလွတ်ရာကို ရွှေ့ပြောင်း ပေးနိုင်တဲ့အတွက် အသေအပျောက် မရှိခဲ့ဘူး။

မေး။ ဟားခါးမြို့ မြို့ဖွဲ့စည်းပုံနဲ့ အိမ်တွေတည်ဆောက်ထားပုံက ဘူမိ ဗေဒအမြင်နဲ့ ဘယ်လိုမြင်လဲဆိုတာ သိပါရစေ။

ဖြေ။ ဒေသနဲ့ ရိုးရာအလျောက် တောင်တွေမှာ အားပြုပြီး မြေပြင်ကို ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ သဘော သဘာဝ ရှေးရိုးအစဉ်အလာအတိုင်းဆောက်တဲ့အတွက် ရေဆင်းစနစ်က စနစ်တကျ မရှိဘူး။ လမ်းတွေကလည်း စနစ်တကျမရှိဘူး။ အဓိကဖြစ်တာက ရေဆင်းစနစ်ပါ။ ရေဆင်းစနစ် အတွက် သေသေချာချာလုပ်ပေး ဖို့လိုတယ်။ ဆင်းလာတဲ့ရေကို မြောင်း တွေ၊ ပိုက်တွေနဲ့ အောက်ဘက်က ချောင်းထဲရောက်အောင် လုပ်ထား တာမရှိဘူး။ မြို့အနေအထားကလည်း တောင်စောင်းတွေမှာ အိမ်တွေ ဆောက်ကြရတဲ့အတွက် လမ်းတွေက လည်း ကွေ့ကွေ့ကောက်ကောက် တွေ့ရတယ်။

မေး။ လေ့လာစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ဘယ်လို ဆက် လက်ဆောင်ရွက်သွားမလဲ။

ဖြေ။ အစီရင်ခံစာကို သက်ဆိုင်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ကိုတင်မှာပါ။ သတ္တုတွင်းဝန်ကြီးဌာန ဘူမိဗေဒ သတ္တုရှာဖွေရေးဌာနက အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူတို့ရတဲ့ အချက် အလက်နဲ့ ကျွန်တော်တို့ရတဲ့အချက် အလက်ပေါင်းရေးပြီး အစီရင်ခံစာ တင်မယ်။ ပြည်သူလူထုက လိုအပ်လို့ ရှင်းပြပါဆိုရင်လည်း ရှင်းပြ ပေးမယ်။ ကယ်ဆယ်ရေးစခန်းမှာ နေရတဲ့သူတွေကလည်း ရေရှည် မနေချင်ကြဘူး။ ကိုယ့်အိမ်ကိုယ့်ရာပဲ ပြန်ချင်တယ်။ ပြန်လည် နေရာချထား မယ်ဆိုရင်လည်း နေရာချထားစေ ချင်ကြပြီ။ ကျွန်တော်တို့မှာက အများ ကြီး ထည့်စဉ်းစားရတယ်။ ပြန်လည် နေရာချထားမယ့် နေရာကိုလည်း သေသေချာချာ စိစစ်ပြီးရွေးနေရ တယ်။ ချင်းပြည်နယ်တစ်ခုလုံးက တောင်တန်းဒေသ ဖြစ်တဲ့အတွက် ရာနှုန်းပြည့်အကောင်းကြီးမဟုတ် တောင် အကောင်းဆုံးနေရာကို ရွေးနေတယ်။ ဒါကိုလည်ွးှသတည ဏူညေ ကို အသေအချာဆွဲပြီးလုပ်ရမယ်။ဗိသုကာပညာရှင်တွေကလည်း ကူညီ မယ်။ ဗိသုကာပညာရှင် တစ်ယောက် တော့ ဟားခါးကိုတက်သွားပြီ။ သူ့ဆီကလည်း အကူအညီတွေရမယ်။

မေး။ မြေပြို၊ တောင်ပြို၊ ကမ်းပြိုမှု ရဲ့ကနဦးလက္ခဏာတွေကိုရှင်းပြပေးပါဦး။

ဖြေ။ မိမိနေတဲ့ တောင်ပေါ်ကိုယ့် ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာ ဖို့လိုတယ်။ မြစ်ကမ်းပါးပြိုတာ၊ တောင်ပြိုတာ၊ မုန်တိုင်းတိုက်တာက ခန့်မှန်းလို့ရတယ်။ ငလျင်လှုပ်တာက ဘယ်တော့လှုပ်မယ်ဆိုတာ ပြောလို့ မရဘူး။ မြေပြိုကမ်းပြိုမယ်ဆိုရင် လက္ခဏာတွေပေါ်လာတယ်။ တောင် ပေါ်တွေမှာဆိုရင် သစ်ပင်တွေက ယိုင်ပြီးဆင်းလာတယ်။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ စပြီးပေါ် လာတယ်။တောင်ပေါ်က ကျောက်တုံး လေးတွေပြုတ်ကျလာတယ်။ တောင် စောင်းမှာရှိတဲ့အိမ်တွေယိုင်လာတယ်။ တံခါးပိတ်လို့မရဘူး။ ကွန်ကရစ်တွေ ဆို အက်ကွဲကြောင်းတွေ ပေါ်လာ တယ်။ အဲဒီလို နိမိတ်လက္ခဏာ တွေပြလာရင် သတိထားရမယ်။ ကမ်း ပြိုမယ်ဆိုရင်လည်း အက်ကွဲကြောင်း တွေ ပေါ်လာတယ်။ ပြုပြင်ထိန်းသိမ်း တဲ့ အင်ဂျင်နီယာ နည်းပညာတွေက လည်းပေါ်နေပြီ။ လုပ်လို့ မရတဲ့နေရာ မရှိဘူး။ အဓိက ဘယ်လောက်အကုန် အကျခံနိုင်မလဲပေါ့။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။
တွေ့ဆုံမေးမြန်း -မင်းသစ်
ှဓာတ်ပုံ- နေလင်း(သတင်းစဉ်)

No comments:

Post a Comment