Sunday, August 30, 2015

ဘေးအန္တရာယ်ဖြစ်ချိန်မှ ချက်ချင်းစီမံဆောင်ရွက်ခြင်းထက် ကြိုတင်ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်




 



ရန်ကုန် သြဂုတ် ၂၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်သို့ရောက်ရှိပြီး ကန် တော်ကြီးရေပြင်၌ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များ လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ်များကြုံတွေ့ခဲ့ပါက ဘေးသင့်ဒေသရှိ ပြည်သူများကို ဘေးကင်းလုံခြုံသည့် နေရာသို့ရွှေ့ပြောင်းခြင်း၊  ရှာဖွေကယ်ဆယ်ခြင်းနှင့်  အရေးပေါ်ပစ္စည်းများထောက်ပံ့ပေးခြင်း များကို အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရ               
မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း များ  ဆောင်ရွက်ရာတွင်   အတတ် ပညာကျွမ်းကျင်မှုများ လိုအပ်သည့် အတွက် ဖွဲ့စည်းခြင်း၊ လေ့ကျင့်ခြင်း၊ သရုပ်ပြဇာတ်တိုက်ခြင်း၊   ပြန်လည် ဆန်းစစ်မှုနှင့်   အကဲခတ်မှုများ ဆောင်ရွက်ခြင်းနှင့်  သုံးသပ်ပြုပြင် ဆောင်ရွက်ခြင်းတို့ကို  အစီအစဉ် တကျ   ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့်   ဒုတိယသမ္မတနှင့် အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်   ကျိုက်ဝိုင်းဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး    ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး၌   ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ ရန်ကုန်(ရုံးခွဲ)နှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး   ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ (Recovery
Coordilation Centre)  ရန်ကုန် (ရုံးခွဲ)ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည် ထူထောင်ရေးအတွက်    ထောက်ပံ့ ရေးပစ္စည်းများ   သိုလှောင်ထားမှု  အခြေအနေများကို     ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ     သဘာဝဘေး အန္တရာယ်ဆိုင်ရာ      စီမံခန့်ခွဲမှု ကော်မတီ  ရန်ကုန်(ရုံးခွဲ)ဧည့်ခန်းမ ၌ တာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်  စေတနာရှင် အလှူရှင်များ၏  လှူဒါန်းထားရှိမှု၊ ဘေးသင့်ဒေသများသို့  အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှု   အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယသမ္မတက  ဘေးသင့်ပြည်သူ များအတွက် ထောက်ပံ့လှူဒါန်းထား သည့် ပစ္စည်းနှင့် အလှူငွေများကို စနစ်တကျ မှတ်တမ်းထား ဆောင် ရွက်ရေး၊   ဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ  လက်ရောက် ဖြန့်ဝေပေးနိုင်ရေး၊    ကြီးကြပ်ရေး အဖွဲ့များတွင်   ရပ်ရွာမှ  လေးစား ကြည်ညိုသူများ    အဖွဲ့ဝင်အဖြစ် ပါဝင်စေရေးနှင့်  ပွင့်လင်းမြင်သာမှု ရှိရေး၊    အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပပြီး  ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ပေးသည်။

ရန်ကုန်မြို့  မရမ်းကုန်းမြို့နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ကုန်(ရုံးခွဲ) နှင့်  ပြန်လည်ထူထောင်ရေး ဗဟို ကော်မတီ      ရန်ကုန်(ရုံးခွဲ)သို့  ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် စေတနာရှင်    အလှူရှင်ပြည်သူများ က    သြဂုတ် ၂ ရက်မှ ၂၈ ရက် အထိ  စုစုပေါင်း  မြန်မာငွေကျပ် ၄၃၂၇၂၃၇ဝဝ၊    ထိုင်းဘတ်ငွေ ၁၁၃၉၅၅၊ မလေးရှားရင်းဂစ် ၂ဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၅၅၈၃ဝ တို့ကိုလည်းကောင်း၊  စားသောက် ကုန်နှင့် လူသုံးကုန်အပါအဝင် ပစ္စည်း အမယ်စုံ  တန်ချိန် ၃၈၉ တန်ကို လည်းကောင်း    လာရောက်လှူဒါန်း ခဲ့ကြသည်။ 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ထွက်ခွာ ခဲ့ရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိသည်။
ယင်းနောက် လှိုင်းဘွဲမြို့ မြို့မ ပရိယတ္တိစာသင်တိုက်   ဆရာတော် အမှူးပြုသော ဆရာတော် သံဃာ တော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် လှိုင်းဘွဲ့မြို့  ကမ်း ထိန်းကျောက်စီမြေနံရံ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့်    ရေဘုတ် ရေလှာင်တမံ      အကူရေပိုလွှဲ   တည်ဆောက်ခြင်း  လုပ်ငန်းများကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်   ထီလုံကျေးရွာ တွင်  ကျင်းပပြုလုပ်သည့်  မိုးစပါး အထွက်နှုန်း  တိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့် လယ်ယာသုံး စက် ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး   မောခီးကျေးရွာ အတွက် စပါြးေ>ွခလှေ့စက် တစ်စီး၊ ရှမ်းရွာသစ်မြို့၊ မဲသမူကျေးရွာအုပ်စု အတွက် လက်တွန်းထွန်စက် တစ်စီး၊ ထီလုံကျေးရွာ၊ သမာန်နှင့်နောင်သငဲ့ ကျေးရွာတို့ရှိ  မိုးစပါးစိုက်ခင်းများ အတွက် ဓာတ်မြေသြဇာနှင့် ရွက်ဖျန်း မြေသြဇာများကို  တောင်သူများထံ ထောက်ပံ့ပေးအပ်ပြီး တောင်သူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။ ဆက်လက်၍ လှိုင်းဘွဲမြို့  ထီလုံကျေးရွာရှိ ဦးရာ မူး၏  စပါးစိုက်ခင်းတွင်  စုပေါင်း မြေသြဇာ ကြဲပက်နေမှုကို  ကြည့်ရှု အားပေးသည်။

ညနေပိုင်းတွင်  နယ်မြေခံတပ် ဧည့်ရိပ်သာ၌  ဒုတိယသမ္မတအား ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် ကြိုတင်ဆောင်ရွက်ထားမှု၊ မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများ    ဖွင့်လှစ်ဆောင်ရွက်မှု၊  လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြင်ဆင်ထားမှု၊  ဘေးသင့် ပြည်သူများအား   ထောက်ပံ့ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ မိုး စပါးအပါအဝင်     စိုက်ပျိုးရေး အထောက်အကူပြု   ပစ္စည်းများ ထောက်ပံပေးအပ်မှု၊    တိရစ္ဆာန် ဆေးဝါးနှင့်    အစားအစာများ ထောက်ပံ့ပေးအပ်မှု၊  ပြည်တွင်း/ ပြည်ပမှ  အလှူလက်ခံရရှိမှုအခြေ အနေများနှင့် ပြည်နယ်မြေအသုံးချ မှု စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ကရင်ပြည်နယ်သည် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့ရာတွင် ယခင်နှစ်က ရေကြီးရေလျှံ မှု  လျော့နည်းစေရေး  ကြိုတင်စီမံ ဆောင်ရွက်ခဲ့မှုကြောင့်   ယခုနှစ် ရေကြီးရေလျှံမှု   ဖြစ်ပွားချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့ပါး   သက်သာခဲ့ကြောင်း၊ သဘာဝဘေး  အန္တရာယ်များသည် နေရာဒေသမရွေး  အချိန်ကာလ၊ လုပ်ငန်းကဏ္ဍနှင့်  ဆင်းရဲချမ်းသာ ခွဲခြားသတ်မှတ်ထားခြင်း   မရှိဘဲ အရာအားလုံးအပေါ်  တစ်ပြေးညီ ကျရောက်တတ်သည့်   အတွက် သဘာဝဘေးအန္တရာယ်  လျော့ပါး ရေးလုပ်ငန်းများသည် အားလုံးနှင့် သက်ဆိုင်သည့်  လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည်ကို  လက်ခံထားရ မည်ဖြစ်ကြောင်း၊    သဘာဝဘေး အန္တရာယ်များနှင့်    ပတ်သက်၍ လေ့လာသုံးသပ်   ကြိုတင်ပြင်ဆင် ထားရှိပြီး မိမိတို့နေထိုင်ရာ  ဒေသ များ၌  သဘာဝဘေး  ခုခံနိုင်စွမ်း အားကို   မြှင့်တင်ထားရမည်ဖြစ်ပါ ကြောင်း။

နိုင်ငံတော်သမ္မတဦးဆောင်ကာ နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် ဘက်စုံ ကဏ္ဍစုံ ပြောင်းလဲ၍ အရှိန်အဟုန် ဖြင့်  အကောင်အထည်ဖော် ဆောင် ရွက်နေသည့်အချိန်တွင်   နိုင်ငံကို ရိုက်ခတ်လာသော   သဘာဝဘေး အန္တရာယ်များသည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအရှိန်ကို နှောင့်နှေးပျက် စီးစေပြီး   ပြန်လည်ထူထောင်မှုများ ပြုလုပ်ရာတွင်လည်း   အချိန်အား၊ ငွေအားနှင့်  အရင်းအမြစ်အင်အား များကို အမြောက်အမြား အသုံးပြု ရကြောင်း၊ ဘေးအန္တရာယ်ဖြစ်ချိန်မှ ချက်ချင်း စီမံဆောင်ရွက်ခြင်းထက် သဘာဝဘေးဒဏ်မှ လျော့ပါးသက် သာစေရန် ကြိုတင်ပြင်ဆင်ခြင်းသည် သာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါကြောင်း  ပြောကြားသည်။
    (သတင်းစဉ်)

No comments:

Post a Comment