Sunday, August 30, 2015

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးပို့လှူဒါန်း




The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၂၈

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက် ပိုင်းတွင် Ilyushin-76 လေယာဉ် နှစ်စင်းဖြင့် နေပြည်တော်လေဆိပ်သို့ လာရောက်လှူဒါန်းသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့် ပထမလေယာဉ် သည် နံနက် ၇ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိပြီး ဒုတိယလေယာဉ်သည် နံနက် ၈ နာရီ မိနစ် ၂ဝ တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိ သည်။ ထို့နောက် ထောက်ပံ့ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကိုပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မိုးမြင့်ထွန်းနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေယာဉ်အဖွဲ့သားများ တက်ရောက်ကြသည်။

ယင်းနောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာနိုင်ငံအတွင်း သဘာဝဘေးဒဏ် သင့်ဒေသများရှိ ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ထောက်ပံ့ပစ္စည်း များကို တရုတ်သံအမတ်ကြီးက လွှဲပြောင်းပေးအပ်ရာ ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်က လက်ခံရယူသည်။

ယနေ့ တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်မှ လေယာဉ်နှစ်စင်း ဖြင့် လာရောက်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများမှာ ရွက်ဖျင် တဲ ၁၈၂ လုံး၊ 3KW မီးစက် ၁၈၂ လုံးနှင့် စောင်စိမ်းပါကင်ထုပ် ၁၂ဝ စုစုပေါင်း ၅၄ ဒသမ ၆၂ တန် ဖြစ်ပြီး သြဂုတ် ၂၉ ရက်နှင့် ၃ဝ ရက် တို့တွင်လည်း ထပ်မံလာရောက် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment