ရန်ကုန် ဇူလိုင် ၃၁
ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအား
လှူဒါန်းရန် အလှူငွေပွဲတော် ပဒေသာကပွဲကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့
စမ်းချောင်းမြို့နယ်ရှိ Myanmar Event Parkု ၌ ကျင်းပရာ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများနှင့် ဥက္ကဋ္ဌ ဦးလူမင်း၊
မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့်
မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊
ဂီတ၊ သဘင်ချစ်မြတ်နိုးသူ ပရိသတ်များ လာရောက်ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေပွဲတွင် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များက ဘုရား ကန်တော့ခန်း၊ အပျိုတော်ကြီးအက၊ ကရုဏာရင်ခွင်ထဲကို လာကြဟေ့ စုပေါင်းသီချင်း၊ မြန်မာမှုတေးသံသာများ၊ သျှောင်ကြီးဗွေအက၊ ခေတ်ပေါ်တေးသီချင်းများ၊ တစ်လိမ်နှစ်လိမ် ဟာသတစ်ခန်းရပ်၊ ချစ်သောတနင်္ဂနွေ ဟာသပြဇာတ်နှင့် ကရုဏာရင်ခွင် နှစ်ပါးသွားအက တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါဖျော်ဖြေပွဲမှ ရရှိသော အလှူငွေများကို ရေဘေးသင့် ပြည်သူများအား ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment