Friday, August 28, 2015

ရေဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး






နေပြည်တော် သြဂုတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် သြဂုတ် ၂၇ ရက် နံနက် ၈ နာရီခွဲတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်အဖွဲ့အစည်း၏ လက်ထောက်အတွင်းရေးမှူးချုပ် နှင့် အရေးပေါ်အခြေအနေ တုံ့ပြန်မှုဌာန ညွှန်ကြားရေးမှူးMs. Izumi Nakamits ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ပြန်လည်ထူထောင်မှု လုပ်ငန်းညှိနှိုင်းရေးလုပ်ငန်းကော်မတီတို့၏ ဆောင်ရွက် နေမှု၊ အရေးပေါ်လုပ်ငန်းစင်တာ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းရေးစင်တာနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းများရေးဆွဲရေးဖိုရမ်တို့ကို ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုနှင့် အလှူငွေ လက်ခံရရှိမှု၊ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး နိုင်မှုများနှင့် လိုအပ်သောလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဘေးသင့်ပြည်သူများအား လူမှု ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ပေးမှုအခြေ အနေနှင့် ရေဘေးသင့်ပြည်သူများအား စိတ်- လူမှုရေး ဆိုင်ရာ ဖြေသိမ့်အားပေးကူညီခြင်းလုပ်ငန်းများ၊ မြန်မာ နိုင်ငံရှိ တစ်ခုတည်းရှိသောဟင်္သာတမြို့ သဘာဝဘေး စီမံခန့်ခွဲမှု သင်တန်းကျောင်းများ ဖွင့်လှစ်ပြီးပါက သင်တန်းနည်းပြများ၊ သင်ထောက်ကူပြုပစ္စည်းများ၊ နည်းပညာနှင့် အကူအညီပေးနိုင်မှုများနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် မန်စီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း ထွန်းနှင့်ဇနီး ဒေါ်ဝေဝေ မိသားစုက ငွေကျပ်သိန်း၁ဝဝ ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment