Friday, August 28, 2015

မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းက အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း




ရန်ကုန် သြဂုတ် ၂၇
မြန်မာနိုင်ငံ ရေဘေးသင့်ပြည်သူ များအား မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းThai Business Association Myanmar(TBAM)က အမေရိကန် ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၂၅ ရက် ညနေ ၅ နာရီ တွင် ထိုင်းအဲအေးရှား လေ ကြောင်းလိုင်းဖြင့် သယ်ဆောင်လှူဒါန်း ခဲ့သည်။
အဆိုပါကူညီထောက်ပံ့ရေး ပစ္စည်း များတွင် အဓိကအားဖြင့် ရေသန့်စင် စက်များ၊ အရေးပေါ်ရေသန့်စင်တိုင် ကီများ၊Tonaf KT Cream နှင့်Clotricin Cream စသည့် ဆေးဝါး ပစ္စည်းများနှင့် အသင့်စား စားသောက်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ယင်းကူညီထောက်ပံ့ရေး ပစ္စည်း များကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mr. Pisanu Suvanaijata က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဒုတိယအထွေထွေအတွင်း ရေးမှူး ဦးကင်ဘွိုင်းထံ ပေးအပ် လှူဒါန်းသည်။
ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ထိုင်း နိုင်ငံသံအမတ်ကြီးက ''ထိုင်း-မြန်မာ ချစ်ကြည်ရင်းနှီးမှုကအလွန်အရေး ပါပြီး သူငယ်ချင်းမိတ်ဆွေတွေ သဘာဝဘေးအန္တရာယ်ကြောင့် အကူ အညီလိုအပ်နေချိန်မှာ ကူညီဖို့ အသင့်ရှိနေပါတယ်။ နောက် ထိုင်း အစိုးရအနေနဲ့လည်း ဆေးဝါးကုသ ရေးအတွက် ဆရာဝန်တွေကို စေလွှတ်ပြီး ကူညီပေးဖို့လည်းရှိပါ တယ်။ အစိုးရအဖွဲ့တင်မက ပုဂ္ဂလိက အဖွဲ့တွေကပါ စိတ်ဝင်စားကြပါတယ်။ ဘယ်လောက်ထိ လိုအပ်တယ်ဆိုတာ ကို သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး လုပ် ဆောင်ပေးသွားမှာပါ''ဟု ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း ဖြစ်သောTBAM သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့်Ramkhamhaeng Hospital Public Company Limited တို့ ပူးပေါင်းပြီး ''မြန်မာရေဘေးသင့် ပြည်သူများ အတွက် ဆေးဘက်ဆိုင်ရာကယ်ဆယ် ရေး''စီမံကိန်းကို ယခုလ ၁၇ ရက်က စတင်တည်ထောင်ပြီး မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီ ထောက်ပံ့လျက်ရှိသည်။ ယင်းစီမံ ကိန်းကို အကူအညီမလိုသည့်အချိန် ထိ ကူညီထောက်ပံ့ရေးပစ္စည်းများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ယခုအချိန်ထိ ခန့်မှန်း ထောက်ပံ့ကူညီသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း ထိုင်းဘတ် သန်း ၅ဝဝ ကျော်ရှိပြီဖြစ်ကြောင်း သိရ သည်။
သတင်း-ကိုသက်(ဗိုလ်တထောင်)
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment