Friday, August 28, 2015

မိုးညိုမြို့၌ ရေဘေးသင့်ပြည်သူများအားလှူဒါန်း






မိုးညို သြဂုတ် ၂၇
တရုတ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော မင်္ဂလာမဂ္ဂဇင်း (ရန်ကုန်ရုံးခွဲ)မှ ဦးဆောင်၍ တရုတ် ကုမ္ပဏီမိသားစုများက ပဲခူးတိုင်း ဒေသကြီး မိုးညိုမြို့နယ်မှ ရေဘေးသင့် ပြည်သူများအား အဝတ်အထည်၊ စားသောက်ဖွယ်ရာ၊ လူအသုံး အဆောင်ပစ္စည်းများနှင့် ဆေးဝါး ဝယ်ယူရန်ငွေကြေးများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
မင်္ဂလာမဂ္ဂဇင်းရုံးမှ ဦးဆောင်၍ တရုတ်ကုမ္ပဏီများဖြစ်သည့် China Cuming International Logistics & Finance Association၊ CITTC (Myanmar) Co,.Ltd.၊ Zhejiang Association of China င့်စွန်မင်း ပေါင်ဝှာဘုရားကျောင်းတို့မှ အလှူရှင် မိသားစုများသည် သြဂုတ် ၂၇ ရက် မွန်းလွဲ ၁နာရီတွင် မိုးညိုမြို့မရပ်ကွက် ရွှေမကျည်းပင်လမ်းရှိ ဓမ္မိကပရိယတ္တိ စာသင်တိုက်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပရာ မင်္ဂလာမဂ္ဂဇင်း ရန်ကုန် တာဝန်ခံ MENG(ခ) ဒေါ်ကြည်လင်း နှင့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ မိသားစုများက ငွေကျပ်သိန်း ၆ဝဝ ကျော်တန်ဖိုးရှိ ရေဘေးသင့်မိသားစု အိမ်ထောင်စုဝင် ၅ဝဝ အတွက် ဆန်၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာ၊ လူသုံးကုန်ပစ္စည်းများကို ရေဘေးသင့် ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment