ရေနံချောင်း သြဂုတ် ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာနှင့် ပွင့်ဖြူမြို့နယ် ငါးခြောက်ကုန်းကျေးရွာ၊ မြင်းခြံခုံကျေးရွာ၊ ပေါက်ကုန်းကျေးရွာ တို့တွင် သြဂုတ် ၁ ရက်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ် အချို့ ရေနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေနစ်မြုပ်ရာ ကျေးရွာများသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံ ချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဧရာမင်း(၂) ဇက်ရေယာဉ်ဖြင့် ရေဘေးသင့်ဒေသရှိ ပြည်သူများနှင့် တိရစ္ဆာန်(နွား)များကို ရေနံချောင်းမြို့နယ် ဆားတိုင်ကျေးရွာဘုန်းတော် ကြီးကျောင်းဝင်းအတွင်း ရွှေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)
No comments:
Post a Comment