Monday, August 31, 2015

ဝန်ကြီးချုပ်အာဘေး၏ လုံခြုံရေးဥပဒေမူကြမ်း မြို့တော်တိုကျို၌ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ



The Mirror Daily's photo.

တိုကျို သြဂုတ် ၃ဝ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လုံခြုံရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်သူများက သြဂုတ် ၃ဝ ရက် တွင် မြို့တော်တိုကျို၌ စုဝေးဆန္ဒပြခဲ့ ကြကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက သတင်းထုတ်ပြန်သည်။
ဂျပန်တပ်ဖွဲ့များအား ပင်လယ် ရပ်ခြားနိုင်ငံများသို့ တိုက်ခိုက်ရေး တာဝန်ဖြင့် စေလွှတ်ခွင့်ပေးရန် ဖော်ပြသည့် ဥပဒေမူကြမ်းကို ဆန့်ကျင်သူများက ပါလီမန် အဆောက်အအုံအနီးတွင် စုဝေးကာ ဆန္ဒပြခဲ့ကြသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လုံခြုံရေးမူဝါဒအပေါ် ပြည်သူများက ယုံကြည်မှုမရှိသည့် လက္ခဏာတစ်ရပ်အဖြစ် ပြည်သူအများအပြားက စုဝေး ဆန္ဒပြကြခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံ၌ နှစ်ပေါင်းအတန်ကြာ ကာလအတွင်း အကြီးကျယ်ဆုံး ဆန္ဒ ပြပွဲတစ်ရပ်ဖြစ်ပြီး လူပေါင်း ၁၂ဝဝဝဝ ခန့် ပါဝင်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ စည်းရုံးဆော်သြသူများက ပြောကြားကြသည်။ ''စစ်ပွဲ အလိုမရှိ''၊ ''အာဘေး ရာထူးမှနုတ်ထွက်ပေး'' စသည်ဖြင့် ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ပြီးကာလ၌ စစ်အင်အားတိုးချဲ့မှုအား ထိန်းချုပ်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စည်းမျဉ်းများကို ဖြေလျှော့နိုင်ရန် ဝန်ကြီးချုပ် အာဘေး၏ ကြိုးပမ်းမှုနှင့်ပတ်သက်၍ ပြည်သူများ က ဆန္ဒပြပွဲများကို ရက်သတ္တပတ် ကုန်တွင် ပြုလုပ်ခဲ့ကြသည်။
ရိုက်တာ။

No comments:

Post a Comment