Monday, August 31, 2015

လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေပေးအပ်



The Mirror Daily's photo.

ရွှေတောင် သြဂုတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့ မြို့နယ်လူမှုဖူလုံရေးရုံး တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပြည်ရေနံမြေမှ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုအား ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ရေနံမြေ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ရေနံမြေမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသူ အာမခံအလုပ်သမား ဦးရဲထွန်း၏ ကျန်ရစ်သူမိသားစုအတွက် နာရေးစရိတ်နှင့် ငွေကြေးအကျိုး ခံစားခွင့် ငွေကျပ် ၃၁၅၆၁၄ဝ ကို ပေးအပ်သည်။

ဆက်လက်၍ ကျန်ရစ်သူမိသားစုကိုယ်စား ပြည်ရေနံမြေမှ အထွေထွေ မန်နေဂျာ ဦးခွန်မျိုးသန့်က ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment