ကောလင်း သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့နယ် ကောလင်း-ဥက္ကံသွားလမ်း ပေါ်ရှိ ယားတောင်ကျေးရွာအနီး ချောင်းကူးတံတားသည် ဇူလိုင် ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သဖြင့် ဇူလိုင်၂၈ ရက်က ကောလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၁ ရက်တွင် တံတားပြီးစီးခဲ့ပြီး ကောလင်းမှ ရွှေတွင်းကျေးရွာသို့ (၁ဝ)တန် အောက်ယာဉ်များ သွားလာနိုင်ပြီ ဖြစ်သည်။
တံတားမှာ အလျားပေ ၅ဝ၊ အနံ ၁၃ ပေရှိ သံပေါင် ဘေလီတံတား ဖြစ်ပြီး ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)
No comments:
Post a Comment