Sunday, August 2, 2015

ဆိပ်ဖြူမြို့နယ်တွင် လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်



The Mirror Daily's photo.


ဆိပ်ဖြူ သြဂုတ် ၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဇူလိုင်၃ဝ ရက် ညနေပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆိပ်ဖြူ-ဆော-ကန်ပက်လက် ကားလမ်း ဆိပ်ဖြူမြို့နှင့် ခုနစ်မိုင်အကွာ မြေကြမ်းတောကျေးရွာနှင့် ဂျုပ်ချောင်ကြီး ကျေးရွာအကြားရှိ ရေကျော်မိုးရေတိုက်စားမှုကြောင့် လမ်းပခုံးများပျက်စီး၍ ခရီးသွားပြည်သူများ အန္တရာယ်ဖြစ်ပေါ်နိုင်သော ရေစားချောက်ဖြစ်ပေါ်ခဲ့ သည်။

အဆိုပါ ရေစားချောက်ဖြစ်ပေါ်လာခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လမ်းဦးစီးဌာန၊ နှင်းသဇင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က ခရီးသွားပြည်သူများလမ်းအန္တရာယ်ကင်းဝေးစေရေး လမ်းလွှဲများပြုလုပ် ခဲ့သည်။
ဇူလိုင် ၃၁ရက်တွင် အဆိုပါ လမ်းပခုံးရေစားချောက်အား ဆက်လက်၍ မြေဖို့ခြင်း၊ သဲအိတ်များချထားခြင်း၊ ရေစီးလမ်း လွှဲခြင်းလုပ်ငန်းများဆောင်ရွက် ပြီး ခရီးသွားပြည်သူများ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားနိုင်ရေးတွက် တစ်လမ်းမောင်းစနစ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)

No comments:

Post a Comment