Sunday, August 30, 2015

ရမည်းသင်းမြို့နယ်ရှိ သစ်ဆုံ-ကတင်ဆက်သွယ်မြောင်း ပြန်လည်တူးဖော်



 

ရမည်းသင်း သြဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး    ရမည်းသင်းမြို့  မြို့နယ်ဆည်မြောင်းဦးစီးဌာနက သစ်ဆုံ-ကတင် ဆက်သွယ်မြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို  မြေတူးစက်နှင့် မြေထိုးစက် ကြီးများ အသုံးပြု၍ဆောင်ရွက်လျက်ရှိသည်။

ယင်းသစ်ဆုံ-ကတင်ဆက်သွယ်မြောင်းမှာ နှစ်ကာလကြာမြင့်၍ မြောင်းအတွင်း သဲ နုန်းပို့ချမှုများကာ  တိမ်ကောလျက်ရှိပြီး  တူးမြောင်းပုံစံမကျခြင်း၊  တူးမြောင်းရေရှည် တည်တံ့ခိုင်မြဲမှုမရှိနိုင်သည့်အတွက်  ယခုအခါ သစ်ဆုံ-ကတင်ဆက်သွယ်မြောင်းကို မြောင်း အရှည်ပေ ၁၂ဝဝဝ၊ အောက်ခြေအကျယ် ၁၅ ပေ၊ အမြင့်ရှစ်ပေ၊ မြောင်းထိပ်ဝ အကျယ် ၃၁ ပေ၊ မြောင်းပေါင်နှစ်ဖက်ထိပ်ဝအကျယ် ၁၂ ပေ အတိုင်းအတာဖြင့် မြောင်း ပုံစံကျပြန်လည်တူးဖော်ခြင်း၊                         

ပေါင်များကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ထိုသို့ သစ်ဆုံ-ကတင် ဆက်သွယ်မြောင်းကို ပြန်လည်ပြုပြင်တူးဖော်ပေးခြင်း ဖြင့် ရေလေလွင့်ဖိတ်စဉ်မှုနည်းပါးခြင်း ကတင်ကန်ရေသောက်ဧရိယာများကို လည်း ရေကူဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် နွေရာသီတွင် သစ်ဆုံမှကတင်၊  ကတင်ကန်မှကတင်-ကျီးနီ  ဆက်သွယ်မြောင်းအတိုင်း ရမည်းသင်းမြို့  မြို့ရေပေးဝေခြင်း  မြောင်းတစ်လျှောက်ကျေးရွာ၊  အုပ်စု၊ ရပ်ကွက်များတွင် သုံးရေနှင့် ကျွဲ၊ နွား သောက်သုံးရေရရှိရေးအတွက် များစွာ အထောက်အကူပြုမည်ဟု သိရသည်။                        အတ်ကလေး(ရမည်းသင်း)

No comments:

Post a Comment