Friday, August 28, 2015

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်




အင်းတော် သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နန့်ခင့်အုပ်စု လက်ပံကုန်းကျေးရွာအနီးရှိအင်းတော်ချောင်းအတွင်း သြဂုတ်၂၄ ရက် နံနက်
၈ နာရီခွဲက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မြို့ပေါ် (၄)ရပ်ကွက်နှင့် နန့်ခင့်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်ကြသော ဒါနသုခမှ ကားတစ်စီး၊ မြတ်စေတနာ
အသင်းမှ ကားတစ်စီးနှင့် လမ်းဦးစီးဌာနမှ ကားတစ်စီးတို့ဖြင့် နန့်ခင့်အုပ်စု လက်ပံကုန်းကျေးရွာအနီးရှိ အင်းတော်ချောင်းအတွင်း သြဂုတ်၂၄ ရက် နံနက် ၈ နာရီခွဲတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်
ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးတင်မြင့်နှင့်အဖွဲ့သည် လက်ပံကုန်းပရိယတ္တိစာသင်တိုက်ဓမ္မာရုံတွင် ပြည်သူလူထုများအား
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ကိုနိုင်(အင်းတော်)

No comments:

Post a Comment