Sunday, August 30, 2015

ရာဇဂြိုဟ်ဆည်ပေါက်သည်ဟု ကောလာဟလသတင်း မှန်ကန်မှုမရှိ တွန်းဇံမြို့နယ်မှ နတ်မြောင်းတောင်ကျချောင်း ရေကြီးခြင်းသာဖြစ်


The Mirror Daily's photo.

ကလေး သြဂုတ် ၂၈

ယနေ့ နံနက် ၇ နာရီမှစ၍ ရာဇဂြိုဟ်ဆည်ပေါက်သည်ဟု ကောလာဟလသတင်း ဖြစ်ပွားကာ ကလေးမြို့ အနိမ့်ပိုင်းရှိ ပြည်သူများစိုးရိမ်ထိတ်လန့် မှုဖြစ်ပွားပြီး နေအိမ်မှ ပြောင်းရွှေ့ရေး ကိစ္စများလုပ်ဆောင်လျက် ကျောင်းသွားနေသော မိမိတို့ သားသမီးများကို ကျောင်းမှ ပြန်ခေါ်ခဲ့ကြောင်း၊ ယင်းသတင်းကြောင့် တမူးခရိုင်၊ ကလေးဝ၊ မင်းကင်း၊ ကလေးမြို့ နယ်များနှင့် ချင်းပြည်နယ်အထိ သတင်းပြန့်ခဲ့ကြောင်း သိရသည်။

''အခုလိုသတင်းထွက်လာတော့ ကျောင်းသားမိဘတွေလာပြီး သူတို့ရဲ့သားသမီးတွေကို စိုးရိမ်လို့ လာခေါ်ကြတယ်။ ကျွန်မသက်ဆိုင်ရာကိုမေးကြည့်တော့ ဆည်ဘာမှ မဖြစ်ပါဘူး။ ကောလာဟလသတင်းတွေပါဆိုပြီး ပြောတယ်။ ကျွန်မကတော့ ကျောင်းသား ကျောင်းသူတွေ အိမ်ပြန်ဖို့ ခွင့်မပြုပါဘူး၊ တာဝန်ယူပါတယ် ''ဟုအမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကပြောသည်။

အဆိုပါကောလာဟလသတင်းပြန့် မှုကြောင့် ကလေးခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ရာဇဂြိုဟ်ဆည်တည်ဆောက်ရေး တာဝန်ယူထားသည့် တည်ဆောက်ရေး(၄)ကိုတယ်လီဖုန်းဖြင့်မေးမြန်းရာ ရာဇဂြိုဟ်ဆည် မပေါက်ကြောင်း သိရှိရ၍ ပြည်သူများအားစိုးရိမ်ထိတ်လန့်မှုမရှိအောင် လက်လှမ်းမီရာပြည်သူများနှင့် တယ်လီဖုန်း၊ အွန်လိုင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြို့တွင်းသို့  အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပြန်ကြားပေးသည်။

''ရာဇဂြိုဟ်ဆည် ရေမကြီးပါဘူး။ ဆည်ရေတစ်ပေတော့တက်တယ်။ ဒါပုံမှန်ပါပဲ။ ကလေးမြို့တောင်ဘက်ပိုင်း နတ်မြောင်းချောင်းရေကတော့ ရေနည်းနည်းကြီးနေတာ ပဲကြားတယ်။ အဲဒါရာဇဂြိုဟ်ဆည်နဲ့ မဆိုင်ပါဘူး။ ဒါ့အပြင် ဒီသတင်းထွက်နေတဲ့အချိန် မှာရာဇဂြိုဟ်ဆည်မှာဦးမော်မော်နိုင်(EE)ကိုယ်တိုင်ထိုင်နေပါတယ်။ တမံဘက်ခြမ်းမှာ လုပ်သား ၂ဝဝ ခန့်နဲ့ ရေအားလျှပ်စစ်အပိုင်းမှာ လုပ်သား ၁ဝဝ ကျော် အလုပ်လုပ်နေကြပါတယ်။ ဆည်ရဲ့ကန်ရေအမှတ်ကတော့ ၆၄၂ ဒသမ ၇ဝ ပေ၊ ဆည်ရဲ့ စိုးရိမ်ရေအမှတ် ကတော့
၆၅၅ ပေနဲ့ တမံရေပြည့်အမှတ်ကတော့ ပေ ၆၆ဝ ရှိနေ ပါတယ်။ ပြည်သူတွေ စိုးရိမ်လို့ မေးမြန်းချင်တယ်ဆိုရင် ဖုန်း-ဝ၉-၆၄၇၂ဝဝ၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်'' ဟု ရာဇဂြိုဟ်ဆည်မှ ဝန်ထမ်း ဦးဗညားစိုးကပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းကို ပြန်လည်မေးမြန်းကြည့်ရာ၌ သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်မှစ၍ ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး တွန်းဇံမြို့နယ်မှ ကလေးမြို့နယ်သို့ စီးဆင်းသည့် ကလေးဒေသအခေါ် နတ်မြောင်းတောင်ကျ ချောင်းရေကြီးကာအိမ်ခြေ ၆ဝ နှင့် ၇ဝ ကြားခန့်စီရှိသော တွီ့ခိန်ဇန်နှင့် ဟားခါးလေးရွာ နှစ်ရွာချောင်းနံဘေး အိမ်များ ရေတိုက်စားမျောပါခဲ့ကြောင်း ပြောကြားကြောင်း သိရသည်။
ဂျိုးနက်

No comments:

Post a Comment