Sunday, August 30, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံရှိ Ancient City အတွင်း လှည့်လည်ကြည့်ရှုလေ့လာ



 





နေပြည်တော် သြဂုတ် ၂၉

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံ မှူးနှင့်   ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen. Boonchu Kirdchok  တို့ နှင့်အတူ သြဂုတ် ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂ဝ တွင်   ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိWat Phra Kaew  (မြဘုရားကျောင်း) သို့ရောက်ရှိကြပြီး မြဘုရားကျောင်း ဆောင်အတွင်း ဆွမ်း၊  ရေချမ်းနှင့် ပန်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် နံနက် ၉ နာရီ မိနစ် ၅ဝ တွင် ထိုင်း နိုင်ငံ Samutprakan   ခရိုင်ရှိ Ancient City သို့ ရောက်ရှိကြပြီး Ancient City  အတွင်း မော်တော် ယာဉ်များဖြင့်   လှည့်လည်ကြည့်ရှု လေ့လာကြရာ  တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

၁၉၆၃ ခုနှစ်မှစ၍ ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်Mr. Lek
Viriya ဆိုသူက  Ancient City  (ထိုင်းအခေါ်Muang Boran  ) ကို စတင်စီမံကိန်းချကာ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး မြေဧကအကျယ် ၈ဝဝ ရိုင်အကျယ်အဝန်းရှိပြီး   စူခွန်ဗစ် လမ်းမ  စမွတ်ပရာကန်မြို့ မိုင်တိုင် ၃၃ နေရာတွင်တည်ရှိသည်။ ထိုင်း နိုင်ငံ၏      ပြည်နယ်အသီးသီးရှိ   ထင်ရှားသော  သမိုင်းဝင်နေရာများ နှင့် အဆောက်အအုံများကို  မူလ နှင့်အနီးစပ်ဆုံး    ဆင်တူအောင် တည်ဆောက်ထားပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ထားရှိသည်။

ယင်းနောက် ထိုင်းဘုရင့်ဆေးရုံ Phramongkutklao Military
Hospital  သို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိကြပြီး  ဆေးရုံရှိ  အစည်း အဝေးခန်းမ၌ ဆေးရုံနှင့်ပတ်သက် သည့် ကိစ္စရပ်များကို ဆေးညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများကPower
Point  ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ထိခိုက်ဒဏ်ရာရရှိ လူနာများအား    အရေးပေါ်ကုသ လေ့ကျင့်ဆောင်နှင့် နှလုံးရောဂါအထူး ကြပ်မတ်ကုသဆောင်များသို့ လှည့် လည်ကြည့်ရှုလေ့လာ   ကြပြီး  သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
ထို့နောက်  ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင်   ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည် ဆိုင်ရာလေဆိပ်    ဘုရင့်လေတပ်Wing-6 မှ လေကြောင်းခရီးဖြင့်   ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၆ နာရီ ၁ဝ မိနစ်တွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိစဉ်  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ      တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ  ထိုင်းရေတပ်  စစ်သံမှူး Captain Apakorn Youkongkaew  နှင့် ဇနီး၊ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌    ကြိုဆို နှုတ်ဆက်ကြသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှ ဇနီးဒေါ်ကြူကြူ လှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်မင်းနောင်၊  ဒုတိယဗိုလ်ချုပ် ကြီး  မြထွန်းဦး၊  ဗိုလ်ချုပ်ဆန်းဦး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ    ပြန်လည်လိုက်ပါလာကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment