Sunday, August 30, 2015

ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး အလေးထားစီမံဆောင်ရွက်



The Mirror Daily's photo.

ရန်ကုန် သြဂုတ် ၂၈

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ကလေးသူငယ်များ အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူ များ၊ မီဒီယာများနှင့် UNICEF တို့ အကြား ကလေးသူငယ်များဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ကော်မရှင် အဖွဲ့ဝင် များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာ ရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကလေးငယ်များ၏ ဖျော်ဖြေတင်ဆက်မှုဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာ စကားပြောကြားရာ မြန်မာနိုင်ငံ၌ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှု အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ကြောင်း၊ အခြားသော စစ်တမ်းကောက်ယူမှုများအရ အသက်ငါးနှစ်မှ ၁၈ နှစ်အောက် အရွယ်ရှိ ကလေးငယ် ၄ ဒသမ ၄ သန်းသည် ကျောင်းမနေရပါကြောင်း၊ အသက် ၁ဝ နှစ်မှ အသက် ၁၈ နှစ် ကြား ကလေးငယ် ၁ ဒသမ ၆ သန်း သည် အလုပ်လုပ်နေရပါကြောင်း၊ ကလေးငယ် ၁ဝ သန်းသည် ဆင်းရဲ ခြင်း သံသရာတွင် နေထိုင်ကြရပြီး ငါးသန်းသော ကလေးငယ်များသည် သန့်ရှင်းသော သောက်သုံးရေမရရှိပါ ကြောင်း၊ ၂ ဒသမ ၃ သန်းသော ကလေးငယ်များသည် အိမ်သာသုံးစွဲ နိုင်ခြင်းမရှိကြောင်း။

ထို့ကြောင့် ကျောင်းမနေရသော ကလေးငယ်များ ပညာသင်ကြားနိုင် ရေး၊ ပညာသင်ချိန်တွင် ပညာကို တစိုက်မတ်မတ်သင်ယူနိုင်ရေး၊ အရွယ်မရောက်မီ လုပ်ငန်းခွင်မရောက်ရှိရေး၊ ကလေးငယ်များ ကျန်းမာသန်စွမ်း ရေးနှင့် ဆင်းရဲခြင်းသံသရာမှ လွတ်မြောက်စေရေးတို့ကို စဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံတော်ကို ဦးဆောင်ရန် ရွေးကောက်တင်မြှောက် ခံရမည့် ပါတီများအနေဖြင့် မူဝါဒ ရေးဆွဲ၍ ရှေ့လုပ်ငန်းစဉ်များ ချပြ ဆောင်ရွက်သွားရန်လိုကြောင်း။

မြန်မာမှုနယ်ပယ်တွင် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်ရှိ ကြောင်း၊ ကလေးသူငယ်များကို ဗလ ငါးတန်နှင့်ပြည့်စုံအောင် ပြုစုပျိုးထောင် ကြရမည်ဖြစ်ကြောင်း၊ တစ်ခုတည်း ပြည့်စုံနေရုံဖြင့် မရကြောင်း၊ ကိုယ်ကာယ ကျန်းမာသော်လည်း အကျင့်စာရိတ္တ မကောင်းလျှင် လူကောင်းတစ်ယောက် ဖြစ်လာမည် မဟုတ်ကြောင်း၊ ဥာဏ်ပညာမြင့်မားသော်လည်း စာရိတ္တမကောင်းလျှင် လူတော်သာဖြစ်ပြီး လူကောင်းဖြစ် မည်မဟုတ်ကြောင်း၊ ကလေးသူငယ် များကို လူတော်လူကောင်းများဖြစ် အောင် ပြုစုပျိုးထောင်ရာတွင် ဗလ ငါးတန်နှင့်ပြည့်စုံအောင် ပြုစုပျိုး ထောင်ရမည်ဖြစ်ကြောင်း။

လူငယ်များအား ပြုစုပျိုးထောင်ရာ တွင် အဓိကမှာ မိဘ၊ ဆရာများဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံရေး ပါတီများအနေဖြင့် မိဘ၊ ဆရာများ နှင့် လက်တွဲ၍ ပြုစုပျိုးထောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေ ဖြင့် မူဝါဒများရေးဆွဲရာတွင် လူငယ် များ ပြုစုပျိုးထောင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကဏ္ဍအသီးသီးအလိုက် အစီအမံများ ထည့်သွင်း ရေးဆွဲဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ကလေးသူငယ်များ ၏ အခွင့်အရေးနှင့် ပတ်သက်၍ ရပ်တည်ကာကွယ်ပေးရန် လိုအပ် သကဲ့သို့ မိမိတို့၏လုပ်ငန်းစဉ်များ တွင်လည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး သည် တိုင်းပြည်၏ လူသားအရင်း အမြစ်များ အောင်မြင်စွာ ဖွံ့ဖြိုး တိုးတက်ရေးအပေါ် များစွာမှီတည် လျက်ရှိသည့်အားလျော်စွာ ပင်မအရင်းအမြစ်များဖြစ်သည့် ကလေး သူငယ်၊ လူငယ်များမှ စတင်ရမည်ဖြစ် ကြောင်း၊ ကလေးသူငယ်များ ပြုစုပျိုး ထောင်ရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် အလေးထား စီမံဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် UNICEF မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ကလေး သူငယ်များဆိုင်ရာ အချက်အလက်များနှင့် ၎င်းတို့၏ အခွင့်အရေးများ ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကလေး သူငယ်များ၏ အရေးနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များအနေဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးသည်။

ယင်းနောက် ကလေးသူငယ်အခွင့် အရေးနှင့် ဥပဒေအပေါ် သိမြင် လိုက်နာမှု၊ ကျန်းမာရေးမြှင့်တင်ရေး နှင့် အာဟာရချို့တဲ့မှု မရှိစေရေး၊ ပညာရေးအခွင့်အလမ်းများ အပြည့် အဝရရှိရေး၊ ကလေးသူငယ်များကြား မူးယစ်ဆေးဝါးကင်းစင်ရေး၊ ကလေး လုပ်သားဘဝပပျောက်ရေး စသည့် တောင်းဆိုချက် ငါးချက်အား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ကလေးသူငယ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးပါတီ ကိုယ်စားလှယ် များက နိုင်ငံရေးပါတီများအနေဖြင့် ကလေးသူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် တရားဥပဒေ အခွင့်အရေးဆိုင်ရာများအား ပါတီ မူဝါဒများတွင် ထည့်သွင်းရေးဆွဲ၍ ရွေးကောက်ပွဲကာလတွင် စည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲပြီး ကာလတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ထို့နောကှ်Save the Children အဖွဲ့မှField Operations Director ဦးအောင်ကျော်မိုးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment