Saturday, August 1, 2015

နီပေါမြေပြိုမှု ၂၆ ဦးသေဆုံးပြီး၊ ၄၂ ဦးပျောက်ဆုံး






ခတ္တမန္ဒူ သြဂုတ် ၁

ဗုဒ္ဓဟူးနေ့ညက နီပေါအနောက် ပိုင်း၌ မြေပြိုမှုများဖြစ်ပေါ်ပြီး လူ ပေါင်း ၂၆ ဦးထက်မနည်းသေဆုံး ကာ ၄၂ ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာက ပြောသည်။
ကက်စ်ကီခရိုင်ရှိ လမ်လီကျေးရွာ ဖွံ့ဖြိုးရေးကော်မတီနှင့် ဘဟာဒူရာ တာမဂီအဖွဲ့အစည်းများမှ သေဆုံး သူဦးရေ ၂ဝ ၏ ရုပ်အလောင်းများ ကို ဖော်ထုတ်ခဲ့ကြောင်း ကယ်ဆယ် ရေး ဆောင်ရွက်သူများက ပြော သည်။
လမ်လီကျေးရွာသည် ပေါ့ခ် ဟာရာအနောက်ဘက် ကီလိုမီတာ ၃ဝ အကွာတွင်တည်ရှိပြီး နီပေါ နိုင်ငံ၏ ကျော်ကြားသော ခရီးသွား နေရာ တစ်ခုလည်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပ ခရီးသွားများ ထောင်နှင့်ချီ၍ လာ ရောက်လည်ပတ်လေ့ရှိသော နေရာ လည်းဖြစ်သည်။
အဆိုပါကျေးရွာသည် နီပေါ အနောက်ပိုင်းရှိ အန်နာပါနာတောင် ခြေစခန်းသို့သွားရာ ဝင်ပေါက်နေရာ လည်းဖြစ်သည်။ သို့သော်လည်း မြေပြိုမှုအတွင်း ထိခိုက်ဒဏ်ရာရသူ များတွင် နိုင်ငံခြားသားများ ပါဝင် ခြင်းမရှိပေ။
''ကျွန်တော်တို့ သေဆုံးသူ ရုပ်အလောင်း ၁၅ ဦးကို ကယ်ဆယ် ပြီးပါပြီ။ ကျန်တဲ့ ၂၈ ဦးကတော့ ပျောက်ဆုံးနေဆဲပါ။ အိမ် ၁၄ လုံး လည်း မြေပြိုတဲ့အထဲ ပါသွားပါ တယ်''ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဆင်ဟွာသတင်းဌာနသို့ ပြော သည်။
(ဆင်ဟွာ)

No comments:

Post a Comment