Saturday, August 1, 2015

ဂျူးအစွန်းရောက်များကြောင့် ပါလက်စတိုင်းကလေးတစ်ဦး သေဆုံး







 ဂျေရုဆလင် ဇူလိုင် ၃၁

အနောက်ဘက်ကမ်းဒေသတွင် ဂျူးလူမျိုး အစွန်းရောက်များက အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ၁၈ လသားအရွယ် ပါလက်စတိုင်း ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လေးနှစ်သားအရွယ် ကလေးတစ်ဦး နှင့်မိဘများ ဒဏ်ရာရရှိခဲ့ကြကြောင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့က သောကြာ နေ့တွင် ပြောသည်။
အနောက်ဘက်ကမ်း ဒေသ မြို့တော် နက်ဘလူးစ်အနီးရှိ ကျေးရွာ တစ်ရွာ၌ မိသားစုအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး အိမ်နံရံပေါ်၌ ဓဏမငခနွှေါဓ အမည်ကို အစွန်းရောက်များက အသုံးပြုခဲ့ကြောင်း ရဲပြောခွင့်ရပုဂ္ဂိုလ် လူဘာဆမ်ရီက ပြောသည်။
''ဒီတိုက်ခိုက်မှုဟာ အမျိုးသား ရေး လှုပ်ရှားမှုလို့ သံသယရှိမိတယ်'' ဟု ၄င်းက ပြောသည်။
အဆိုပါ ဆိုးရွားသော တိုက်ခိုက် မှုမှာ ပြီးခဲ့သောနှစ်က အစ္စရေး လူမျိုးသုံးဦးကို သတ်ဖြတ်ခဲ့သော ပါလက်စတိုင်း ဆယ်ကျော်သက် တစ်ဦးကို မီးရှို့သတ်ခဲ့ပြီးနောက် ယခုထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
နေအိမ်အတွင်း မိသားစုမှာ အိပ်ပျော်နေစဉ် အိမ်ကိုမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့ များက ဆိုသည်။အနီးအနားရှိ အိမ် တစ်လုံးမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ သော်လည်း လူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိခိုက် ဒဏ်ရာရသူသုံးဦးကို အစ္စရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။ (ရိုက်တာ)

No comments:

Post a Comment