Thursday, July 30, 2015

မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် UNHCR ၏ လုပ်ငန်းများတွင် လွှတ်တော်အပိုင်းက ပါဝင်ကူညီ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ် ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးကိုကိုနိုင် နှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E.Mr. Andrew Patrick လည်း တက်ရောက် သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့်UNHCR ၏လုပ်ငန်းများတွင် လွှတ်တော်အပိုင်းက ပါဝင်ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment