Thursday, July 30, 2015

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း သြစတြေးလျဝန်ကြီးချုပ်ဟောင်းအား လက်ခံတွေ့ဆုံ




Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့ အခြေစိုက် အာရှလူမှုအဖွဲ့အစည်း ဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ Mr. Kevin Rudd ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment