နေပြည်တော် ဇူလိုင် ၂၈
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်
မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂိုအာမြို့မှတစ်ဆင့်
ပူနေး လေဆိပ်သို့ ဇူလိုင် ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင်
ရောက်ရှိရာ Airforce Station PUNE မှ Chief Operation Officer, Group
Captain Vij နှင့် ဇနီးတို့က ကြိုဆိုကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူနေးလေဆိပ်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ TA TA MOTORS Limited သို့ မွန်းလွဲ ၃ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီ နှင့် ပတ်သက်သည့် အချက်အလက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေးအဖွဲ့သည် မော်တော်ယာဉ်များဖြင့် TA TA MOTORS မှ ပြန်လည်ထွက်ခွာလာရာ ခေတ္တတည်းခိုသည့် JW Marriott ဟိုတယ်သို့ ညနေ ၆ နာရီတွင် ရောက်ရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သောအဖွဲ့သည် ညပိုင်းတွင် JW Marriott ဟိုတယ်၌ TA TA MOTORS Limited ၊ Executive Director Mr. Ravi Pisharody နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်သည်။
TA TA MOTORS သည် အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာအခြေစိုက် မော်တော်ကားထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး TA TA Group ၏ ကုမ္ပဏီခွဲတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာမော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများအနက် ကမ္ဘာ့အဆင့် ၁၇ ရှိသော အကြီးဆုံးမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုန်တင်ကားထုတ်လုပ်ရာတွင် ကမ္ဘာ့ အဆင့်(၄)နှင့် ဘတ်စ်ကားထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် (၂)သတ်မှတ်ခံရသော ကုမ္ပဏီတစ်ခုဖြစ်သည်။

(မြဝတီ)
No comments:
Post a Comment