နေပြည်တော် ဇူလိုင် ၂၈
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက် ဒေသ
စံတော်ချိန် နံနက် ၈ နာရီခွဲတွင် အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့ရှိ India
Naval Aviation Spuadron (INS Hansa) တွင် ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်၌ Comodore Shalinder Singh က INS Hanasa နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး INS Hansa ရှိ လေယာဉ်များ၊ Goa Port ရှိ အိန္ဒိယတပ်မတော် ရေငုပ်သင်္ဘော တို့အား ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ နံနက် ၁၁ နာရီ ၁ဝ မိနစ်တွင် Goa Shipyard Limited သို့ သွားရောက်၍ Shipyard လုပ်ငန်းခွင်အတွင်း ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သောအဖွဲ့သည် ဂိုအာမြို့မှ ပူနေးမြို့သို့ အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာရာ Fleet Officer, Goa Commanding Area မှ Rear Admiral Ravneet Singh နှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
Goa Shipyard Limited သည် အိန္ဒိယနိုင်ငံ၏ သင်္ဘောတည်ဆောက် ရေးလုပ်ငန်းများတွင် ဦးဆောင်လျက်ရှိသော သင်္ဘောကျင်းတစ်ခုဖြစ်ပြီး ၁၉၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ပေါ်တူဂီအစိုးရက သင်္ဘောများ တည်ဆောက် ရန်အတွက် Estaleiros Navais de Goa အမည်ဖြင့် စတင်တည်ဆောက်ခဲ့ သည်။ ယခုအခါ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများအား နောက်ဆုံး ပေါ်နည်းပညာများဖြင့် ခေတ်မီစွာ ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

(မြဝတီ)
No comments:
Post a Comment