Tuesday, July 28, 2015

လီယိုနာဒိုရိုက်ကူးနေတဲ့ ဇာတ်ကားသစ် The Revenant





The Mirror Daily's photo.

'Titanic''မင်းသားချော လီယိုနာဒို ဒီကာပရီယိုသည် သည်းထိတ် ရင်ဖို ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားကို ရိုက်ကူးလျက်ရှိပြီး အဆိုပါ ဇာတ်ကားကို 'The Revenant''ဟု ယာယီ အမည်ပေးထားသည်။

အဆိုပါ ဇာတ်ကားတွင် မင်းသားသည် အဓိကဇာတ်လိုက် ဟိုက်ဂလက်စ် နေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားတွန်ဟာရီက ဂျွန်ဖစ်ဇ်ဂါရဲဒ် အဖြစ်လည်းကောင်း၊ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများတွင် ဘေလ်ဝီရာ စလေးအဖြစ် သရုပ်ဆောင်ခဲ့သော ဒွန်မ်နဲလ်ဂလီးစန်က အန်ဒရူးဟင်နရီ အဖြစ်လည်းကောင်း အတူတွဲဖက်ပါ ဝင်သရုပ်ဆောင်လျက်ရှိသည်။

ယင်းဇာတ်ကားသည် လီယိုနာဒိုအား သူ၏အမဲလိုက်အဖွဲ့မှ အဖွဲ့သား များက သေဘေးနှင့်ကြုံတွေ့ရသည် တွင် စွန့်ပစ်ထားခဲ့ပြီးနောက် မင်းသားက အသက်ရှင်သန်လွတ် မြောက်ရန် အပြင်းအထန်ကြိုးပမ်း ခဲ့ပုံများကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားသော သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးဖြစ်သည်။

၂ဝဝ၁ ခုနှစ်ကတည်းက ယင်းဇာတ်ကားကို ရိုက်ကူးထုတ်လုပ် နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အကြိမ်ကြိမ်ပျက်ခဲ့ရပြီး ရိုက်ကူးရေး လုပ်ငန်းများကို ရွှေ့ဆိုင်းထားခဲ့ရာ ယခုအခါမှပြန်လည် စတင်ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇာတ်ကားကို ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ အမေရိကန် ပြည်ထောင်စုတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment