မန္တလေး ဇူလိုင် ၂၇
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများပေါ်ထွက်လာစေရေးအတွက် ကမ္ဘောဇ ဘဏ်လီမိတက်က အဓိကကူညီပံ့ပိုး ပေးသော ၂ဝ၁၅ ခုနှစ် စတုတ္ထပွဲစဉ် (မန္တလေး)၏ စတုတ္ထနေ့(၁၈)ကျင်း ပြိုင်ပွဲကိုဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ရေတံခွန်တောင် ဂေါက်ကွင်း၌ဆက်လက်ကျင်းပသည်။
စတုတ္ထနေ့ (၁၈)ကျင်းအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်နှင့် မြင့်မိသားစု ဒါရိုက်တာ ဦးကျော်ကျော်မြင့်က ကမ္ဘောဇဘဏ်လီမိတက်သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ရာ ကမ္ဘောဇဘဏ်လီမိတက် အထွေထွေ မန်နေဂျာ ဦးသက်ကိုကိုမျိုးက လက်ခံရယူပြီး အမှတ်တရလက်ဆောင်ကို ရေတံခွန်တောင်ဂေါက်ကွင်းမှ ကွင်းတာဝန်ခံအရာရှိ ဦးဝင်းနိုင်က လက်ခံရယူသည်။
ထို့နောက် အပျော်တမ်းအမျိုးသမီး နေ့အလိုက်အကောင်းဆုံးရိုက်ချက်ဆုများကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်နှင့် မင်္ဂလာမန္တလေး ကိုယ်စား ဦးခင်ဇော်ကလည်းကောင်း၊ အပျော်တမ်းအဆင့် အမျိုးသားနေ့အလိုက် အကောင်းဆုံးရိုက်ချက်ဆုများကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အထက်မြန်မာ ပြည်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် Shinning Star Co., Ltd. ဥက္ကဋ္ဌ ဦးတင်ကို၊ ပညာရှင်အဆင့်တို့၏ နေ့အလိုက် အကောင်းဆုံးရိုက်ချက် ဆုများကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်နှင့် Themis Co., Ltd. ဒါရိုက်တာဦးထွန်းထွန်းလင်းတို့က ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး Lucky သောက်ရေ သန့်ဥက္ကဋ္ဌ ဦးမာလီက အပျော်တမ်း အဆင့်အမျိုးသမီးပြိုင်ပွဲ၌ စုစုပေါင်း ရိုက်ချက် ၂၃၈ ချက်ဖြင့် တတိယရရှိ သောခင်မာနွယ်၊ စုစုပေါင်းရိုက်ချက် ၂၃၇ချက်ဖြင့် ဒုတိယရရှိသော ယဉ်မေမျိုးတို့အား ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်နှင့် အထက်မြန်မာပြည် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ကိုက အပျော်တမ်းအဆင့် အမျိုးသားပြိုင်ပွဲ၌ စုစုပေါင်း ရိုက်ချက် ၂၉၆ ချက်ဖြင့် တတိယရရှိသော လှိုင်မင်းထက်၊ စုစုပေါင်း ရိုက်ချက် ၂၉၄ ချက်ဖြင့် ဒုတိယရရှိ သော သီဟဌေးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဦးအောင်ဝင်းခိုင် မြန်မာဆင် ဘိလပ်မြေကိုယ်စား ဦးခင်ဇော်က Professional အဆင့် ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၃ ချက် ( 5 Under) ဖြင့် တတိယရရှိ သော ဇော်ဇင်ဝင်း (HAN Golf Academy)၊ စုစုပေါင်းရိုက်ချက် ၂၇၈ ချက် (10 Under) ဖြင့်ဒုတိယ ရရှိသော ဇော်ဇော်လတ် (HAN Golf Academy)တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက အပျော်တမ်း အဆင့်အမျိုသမီးပြိုင်ပွဲတွင် စုစု ပေါင်းရိုက်ချက် ၂၂၉ ချက်ဖြင့် ပထမ ဆုရရှိသွားသော မေဦးခိုင်အား ဆုချီးမြှင့်သည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ဇာနည်ဝင်း ကအပျော်တမ်းအဆင့် အမျိုးသား ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၉၃ ချက်ဖြင့် ပထမရရှိသော မောင်မဲ၊ Professional အဆင့် ပြိုင်ပွဲတွင် စုစု ပေါင်းရိုက်ချက် ၂၇၆ချက် (12 Under) ဖြင့် ပထမရရှိသော သိန်းဇော်မြင (Mizuno) တို့အား ဆုများပေးအပ် ချီးမြှင့်၍ ကမ္ဘောဇ Group of Companies မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းလင်းက ပထမရရှိသော သိန်းဇော်မြင့် (Mizuno)အား ဆုကြေးငွေ ချက်လက်မှတ်ပေးအပ် ချီးမြှင့်သည်။ (ဖိုးသော်ဇင်)
No comments:
Post a Comment