Thursday, July 2, 2015

MNLအမှတ်ပေးပြိုင်ပွဲတွင် ရန်ကုန်နှင့်ရတနာပုံတို့ ထိပ်တိုက်တွေ့ဆုံ


 
သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်
ရန်ကုန် ဇူလိုင် ၁
၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်(၁၁)ကို ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နာမည်ကြီးနှစ်သင်းဖြစ်သည့် ထိပ်ဆုံးမှ ရန်ကုန် အသင်းနှင့် တတိယနေရာမှ လက်ရှိချန်ပီယံ ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိ သည်။
ပွဲစဉ်(၁၁)အဖြစ် ဇူလိုင် ၄ ရက်တွင် မုံရွာ ကွင်း၌ ဇေယျာရွှေမြေနှင့် မနောမြေ၊ ပေါင်းလောင်းကွင်း၌ နေပြည်တော်နှင့်ရခိုင်၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်နှင့်ဇွဲကပင်၊ ကျောက်တိုင်ကွင်း၌ ဧရာဝတီနှင့် ဟံသာဝတီ၊ ဇူလိုင် ၅ ရက်တွင် ဗထူးကွင်း၌ ရတနာပုံနှင့် ရန်ကုန်၊ သုဝဏ္ဏကွင်း၌ မကွေးနှင့်ကမ္ဘောဇတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၁ဝ)အပြီး တွင် ရန်ကုန်အသင်းက ၁ဝ ပွဲစလုံးအနိုင်ရရှိပြီး ရမှတ် ၃ဝ ဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေသည်။
ဧရာဝတီအသင်းက ၂၂ မှတ်၊ လက်ရှိ ချန်ပီယံရတနာပုံအသင်းက ၂ဝ၊ မကွေးအသင်း က ၁၉ မှတ်၊ ကမ္ဘောဇအသင်းက ၁၆ မှတ်၊ ချင်း ယူနိုက်တက်အသင်းက ၁၅ မှတ်၊ နေပြည်တော် အသင်းက ၁၁ မှတ်၊ ဇေယျာရွှေမြေအသင်းက ရှစ်မှတ်၊ ဟံသာဝတီအသင်းနှင့် ရခိုင်အသင်းတို့ က ခုနစ်မှတ်စီ၊ ဇွဲကပင်အသင်းနှင့် မနောမြေ အသင်းတို့က ငါးမှတ်စီရရှိထားသည်။
ယခုတစ်ပတ်၏ စိတ်ဝင်စားစရာ အကောင်း ဆုံးဖြစ်လာနိုင်သည့်ပွဲမှာ ၁ဝ ပွဲဆက်အနိုင်ရရှိ ထားသည့် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံရတနာပုံအသင်းတို့၏ ထိပ်တိုက် တွေ့ဆုံမှုဖြစ်လာနိုင်ပေသည်။ ၁ဝ ပွဲဆက် အနိုင်ရထားသည့် ရန်ကုန်အသင်း၏ နိုင်ပွဲဆက် စံချိန်ကို ရတနာပုံအသင်းအိမ်ကွင်း၌ ရပ်တန့် နိုင်မလားဆိုသည့်အပြင် ရန်ကုန်အသင်းက လည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အဖြစ် ပထမကျော့ပွဲစဉ်အားလုံး နိုင်ပွဲရယူနိုင် မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦး မည်ဖြစ်သည်။

No comments:

Post a Comment