Friday, July 3, 2015

အာရှယူ-၁၉ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များ မြန်မာနိုင်ငံကျင်းပခွင့်ရရှိ






ရန်ကုန် ဇူလိုင် ၂


 မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု(G) ပွဲစဉ်များကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ရရှိခဲ့ပြီဖြစ် သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ် ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် တောင်းဆိုခဲ့ရာ ဇူလိုင် ၂ ရက်တွင် အာရှဘောလုံး အဖွဲ့ ချုပ်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အာရှ ယူ -၁၉ ပြိုင်ပွဲဝင်ခွင့်ရရှိမည့် ခြေစစ်ပွဲများ ကို အုပ်စု(၁ဝ) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း မှာ အုပ်စု(G) တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက် ရှိသည်။ အဆိုပါ ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ တစ်ရက်လျှင်နှစ်ပွဲနှုန်းဖြင့် ကျင်းပသွား မည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲများကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းမှာ စက်တင်ဘာ ၃ဝ ရက်တွင် ဘရူနိုင်း၊ အောက်တိုဘာ ၂ ရက်တွင် တီမော၊ အောက်တိုဘာ ၄ ရက်တွင် ဟောင်ကောင်၊ အောက် တိုဘာ ၆ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲတွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁ဝ သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယနေရာရ ငါးသင်းတို့မှာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
လက်ရှိတွင် အာရှခြေစစ်ပွဲဝင် မည့် မြန်မာယူ-၁၉ အသင်းကို ဖွဲ့စည်းရခြင်းမရှိသေးဘဲ နည်းပြချုပ် အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်း ဒရစ်က ကိုင်တွယ်မည်ဖြစ် သည်။
ခြေစစ်ပွဲဝင်မည့် မြန်မာယူ- ၁၉ အသင်းကို ဇူလိုင်ဒုတိယပတ် တွင် စတင်ပြင်ဆင်မည်ဖြစ်ပြီး အာရှခြေစစ်ပွဲမတိုင်မီ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ် သည်။
၂ဝ၁၄ အာရှယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး မြန်မာယူ-၁၉ အသင်းမှာ ဆီမီးသို့ရောက်ရှိပြီး ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည်။ ယခုယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ရန် ပြင်ဆင် သွားမည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ

No comments:

Post a Comment