ပျော်ဘွယ် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး ရမည်း သင်းခရိုင် ပျော်ဘွယ်မြို့နယ် စက်မှု
သီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှတောင်သူ များအား ဝါစိုက်နည်းပညာများနှင့်
စိုက်ပျိုးနည်းစနစ်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး ကျေးလက်ပြည်သူများ
လူမှု စီးပွားဘဝများ တိုးတက်စေရေး အတွက် မိုးကြိုချည်မျှင်ရှည်ဝါငွေချည်
(၉)စံပြကွက်တစ်ဧကပိဿာ ၁ဝဝဝ အထက်ထွက်ရှိရန် စိုက်ပျိုးထားရှိမှု ကွင်း
သရုပ်ပြပွဲကို ပျော်ဘွယ်မြို့နယ် ချောင်းမကြီးကျေးရွာအုပ်စု သစ်ဆိမ့်
ပင်ကျေးရွာ ကွင်းအမှတ်(၃၆၄)တောင်သူဦးကျော်ဝင်း၏ သုံးဧကစံပြ စိုက်ကွင်း၌
ဇွန် ၂၉ ရက်က ကျင်းပ ခဲ့သည်။
မိုးကြိုချည်မျှင်ရှည်ဝါငွေချည်(၉)စံပြကွက်ကွင်းသရုပ်ပြပွဲတွင် တိုင်း ဒေသကြီးစက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီး ဌာနဦးစီးမှူး ဦးတင်သန်းဆွေက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးနေဝင်းကဌာနမှ ထုတ်လုပ်လျက်ရှိသည့်အထွက်တိုး ချည်မျှင်ရှည်ဝါ ရွှေတောင်ငွေချည် (၉)ဝါမျိုး၏ ထူးခြားချက်နှင့် အား သာချက်များ၊ တစ်ဧကချင်း အလိုက် အထွက်နှုန်းတိုးမြှင့်ရေး အတွက် သိပ္ပံနည်းကျနည်း စနစ်များ နှင့် ပိုးမွှားကင်းစင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments:
Post a Comment