Wednesday, July 1, 2015

ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ နီလာရိုးမဓာတ်ဆီဆိုင်အနီး အငှားယာဉ်တစ်စီး မီးလောင်


 
ရန်ကုန် ဇွန် ၃ဝ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိYMCAနှင့် နီလာ ရိုးမဓာတ်ဆီဆိုင်အနီးတွင် AA/--- Toyota Van အမျိုးအစား အငှား ယာဉ်တစ်စီး ဇွန် ၂၉ ရက် ညနေ ၅ နာရီခွဲကမီးလောင်မှု ဖြစ်ပွားခဲ့ သည်။
အဆိုပါ အငှားယာဉ်မီးလောင်မှုမှာ တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်များ မရောက်မီ အနီးဝန်းကျင်အိမ်များမှ ပြည်သူ များက မီးသတ်ဆေးဘူးများဖြင့် ကနဦး ငြှိမ်းသတ်ခဲ့သည်။ မကြာမီ မီးသတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး မီးသတ်တပ်ဖွဲ့ဝင် များ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၆ နာရီခန့်တွင် မီးလုံးဝငြိမ်း သွားခဲ့သည်။
''ဒီအငှားယာဉ်က ဓာတ်ဆီဆိုင်မှာ ဆီဝင်ထည့်ပြီး ကားစက်နိုးလိုက်မှ ဝါယာရှော့ခ်ကြောင့် မီးထတောက်လို့ အနီးအနားက လူတွေက ကားကို ဆီဆိုင်အတွင်းက ဝိုင်းတွန်းထုတ် နိုင်လို့ ကံကောင်းသွားတယ်။ ကားက ဂက်စ်ကားမဟုတ်ဘဲ ဆီကားဖြစ်လို့ အနီးကလူတွေ သက်သာသွားရတာ''ဟု အဆိုပါရပ်ကွက်မှ ပြည်သူတစ်ဦး က ဆိုသည်။
ဇန်နဝါရီလမှ ဇွန် ၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မီးလောင်သည့် အကြိမ်ပေါင်း ၁၁၁ဝ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ခန့်မှန်းဆုံးရှုံး မှုတန်ဖိုးငွေကျပ် ၁၄၇၄၈ သိန်းကျော် ရှိကြောင်း၊ နေအိမ်အဆောက်အအုံ ၂၃၃၈ လုံး၊ စက်ရုံ၊အလုပ်ရုံ ၂၂ ရုံ၊ ဂိုဒေါင် ၁၆ လုံး မီးလောင်ကျွမ်းခံရပြီး သေဆုံးသူ ၃၅ ဦး၊ ဒဏ်ရာရသူ ၈၇ ဦးနှင့် တိရစ္ဆာန် ၁၇ဝ၃ ကောင် သေဆုံးခဲ့ပြီး ပြည်သူ ၈၃၁၂ ဦး မီးဘေးဒုက္ခကြုံခဲ့ရကြောင်း သိရ သည်။
ခင်မောင်ထွေး

No comments:

Post a Comment