Wednesday, July 1, 2015

၄၅ နှစ်ကာလအတွင်း ကမ္ဘာ့အကောင်းဆုံးတင်းနစ်ကစားသမားမှာ ဖက်ဒဲရာပင်ဖြစ်


 
အားကစားလောက သုတေသနပြုချက်များ အရ ၄၅ နှစ်ကာလအတွင်း ဆွစ်ဇာလန် တင်းနစ်အကျော်အမော်ဖက်ဒဲရာသာ ကမ္ဘာ့ နံပါတ်(၁)တင်းနစ်ကစားသမားဟု ဖော်ပြထား သည်။ ဖက်ဒဲရာသည် ၂ဝဝ၆၊ ၂ဝဝ၇ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ဂရင်းစလင်းပြိုင်ပွဲလေးရပ်စလုံး၌ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သော ကမ္ဘာ့ ပထမဆုံးကစားသမားလည်းဖြစ်သည်။
ဖက်ဒဲရာသည် ပီထ်ဆန်းပရက်စ်နှင့်ကာနော့စ်တို့၏ ဂရင်းစလင်းစံချိန်ကို ချိုးဖျက်နိုင် ခဲ့သော စံချိန်သစ် ဂရင်းစလင်းဆုရှင်ဖြစ်ကာ ပရော်ဖက်ရှင်နယ်ဘဝစတင်ခဲ့သည့် အချိန်မှစ၍ ယခုထိဖလားလက်မဲ့နှစ် တစ်နှစ်မျှ ဖြတ်သန်းခဲ့ရ ခြင်းမရှိသေးပေ။ တစ်နှစ်အတွင်း ပွဲပေါင်း ၄ဝ ကျော် ရှုံးပွဲမရှိအောင်ကစားနိုင်ခြင်း၊ ဂရင်းစလင်း ပြိုင်ပွဲ အကြိုဗိုလ်လုပွဲသို့ (၂၃)ကြိမ်အထိ တက်လှမ်း နိုင်ခဲ့ခြင်း၊ စပေးရိုက်ချက်များပေးရာတွင် အမှားအယွင်းအနည်းဆုံးကစားနိုင်သည့် ကစား သမားအဖြစ် မှတ်တမ်းရရှိထားခြင်းတို့က ဖက်ဒဲရာ၏အောင်မြင်မှုကို မီးမောင်းထိုးပေး နိုင်သည့်အချက်များဖြစ်သည်ဟုလည်း အဆိုပါ စစ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါဆွစ်ကစားသမားမှာ ပြိုင်ပွဲ အရပ်ရပ်တွင် နိုင်ပွဲ ၁ဝဝဝ ကျော်အထိ ရရှိ ထားပြီး ၂ဝဝ၃ ခုနှစ်မှ ယခုထိကမ္ဘာ့အဆင့်(၅)အတွင်း နှစ်စဉ်နှစ်တိုင်း ဝင်ရောက်နိုင်ခဲ့သည့် ကစားသမားလည်းဖြစ်သည်။ ဖက်ဒဲရာသည် လက်ရှိကမ္ဘာ့အဆင့်(၂)နေရာတွင် ရပ်တည် နေပြီး ကမ္ဘာ့အဆင့်(၁)နေရာကို အချိန်အကြာ ဆုံးထိန်းသိမ်းနိုင်ခဲ့သည့် ကစားသမားလည်း ဖြစ်သည်။
(မေလဲ့သင်း)

No comments:

Post a Comment