Wednesday, July 1, 2015

(၁၂)ဘီးကုန်တင်ယာဉ် လမ်းဘေးထိုးကျတိမ်းမှောက်


 
ကျောက်တံခါး ဇွန် ၃ဝ
ရန်ကုန်-မန္တလေးလမ်းဟောင်း (ပြည်ထောင်စုလမ်းမကြီး) မိုင်တိုင် အမှတ်(၁၁၆/၆) အနီး တိုလိုတံတား ကွေ့ အလယ်ကျွန်းရွာအနီးတွင် (၁၂)ဘီးကုန်တင်ယာဉ်တစ်စီး ဇွန် ၂၉ ရက် နံနက် ၇ နာရီခွဲက လမ်းဘေး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေး ဘက်သို့ မျိုးသူရလွင် (၂၂)နှစ် ပြင်စီရွာ နွားထိုးကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးမှတ်ကြီး(၃၁)နှစ်တို့ လိုက်ပါလာ သည့် 3F/--- နီဆန်းဒီဇယ် (၁၂)ဘီးယာဉ်သည် စားသောက်ကုန်များ တင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်တို့တွင် ဒဏ်ရာ ရရှိခြင်းမရှိဘဲ ယာဉ်၏ ရှေ့လေကာ မှန်နှင့် ရှေ့မီးများကွဲခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက် တံခါးမြို့မရဲစခန်းက ယာဉ်မဆင် မခြင်မောင်းနှင်သူ မျိုးသူရလွင်အား အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။
ခင်ကို(ကျောက်တံခါး)

No comments:

Post a Comment