Wednesday, July 29, 2015

အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မိုက်ကယ်ဂျက်ဆင်၏ဖခင် ဂျိုးဂျက်ဆင်


 
အမေရိကန်ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်၏ ဖခင်ဂျိုးဂျက်ဆင်သည် ရုတ်တရက် နှလုံးဖောက် လာသောကြောင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူ ခဲ့ရပြီး ယခုအခါ စိုးရိမ်စရာ အခြေအနေကို ကျော်လွန်နိုင်ခဲ့ ပြီ ဖြစ်သည်။
သူသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘရာဇီး နိုင်ငံတွင် (၈၇) နှစ်ပြည့်မွေးနေ့ ပါတီကို ဆင်နွှဲနေစဉ် နှလုံးဖောက်လာခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း ၁ဝမိနစ်ခန့် နှလုံးရပ်သွားခဲ့သော်လည်း ဆာပိုလိုရှိ '' the Albert Einstein'' ဆေးရုံတွင် အောင်မြင်စွာခွဲစိတ်ကုသမှုခံယူနိုင်ခဲ့ပြီဖြစ်သည်။
သူ၏မိသားစုဝင်များက အမေရိကန်သို့ ပြန်လာ၍ ဆေးကုသမှုခံယူစေ လိုကြသော်လည်း ဆရာဝန်များက သူ၏ကျန်းမာရေးအခြေအနေမှာ လတ်တလောတွင် ခရီးသွားရန်မသင့်တော်သေးကြောင်းနှင့် စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်းဆိုသည်။ သို့ဖြစ်၍ သူသည် ဘရာဇီး၌သာ ဆက်လက် ဆေးကုသမှုခံယူနေဆဲဖြစ်ကာ ယခုအချိန်အထိ သူ၏နှလုံးခုန်နှုန်းမှာ မမှန်သေးကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။
ဂျိုးဂျက်ဆင်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဘရာဇီးသို့ ရောက်ရှိခဲ့ပြီး အခမ်းအနားများပင်တက်ခဲ့သေးသည်။ သို့သော် သူသည်စနေနေ့တွင် နေမကောင်းဖြစ်ခဲ့သောကြောင့် မွေးနေ့ပါတီကို တနင်္ဂနွေသို့ ရွှေ့ခဲ့သည်။ ပါတီပွဲတွင် ရုတ်တရက် ခေါင်းမူးလာပြီး နှလုံးဖောက်လာကာ လေပါဖြတ်ခဲ့ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသည်။ ဆရာဝန်များက သူ၏အမြင်အာရုံဆုံးရှုံးခြင်းမှာ ခေတ္တခဏသာဟုတ်၊ မဟုတ်ကိုမူ အတိအကျမပြောနိုင်ကြောင်း ဆိုသည်။
အေးပြည့်

No comments:

Post a Comment